Chapter-17

1.6K 173 12
                                    

Dခန်းမှာ မောင်နေကြည့်ပြီးပါပြီ။ မောင့်ရဲ့ ကျောင်းသားဘဝတစ်လျှောက်မှာ အဆိုးဆုံးလို့ပြောလို့ရတဲ့အခန်းပါပဲ။ စာသင်ပေးသည့် ဆရာထွက်သွားသည်နှင့် စကားပြောသံ များကစီခနဲမြည်နေတော့သည်။ Dခန်းတွင် ဘာသာစုံအောင်သည့် ကျောင်းသားပင် တစ်ယောက်မျှမရှိ။ တစ်ဘာသာတလေ ကျလျှင်ပင် Cခန်း၌နေခွင့်ရပေအုံးမည်။ နှစ်ဘာသာနှင့်အထက် ကျလျင်တော့ Dခန်းကိုသာ ဂျောင်းပေတော့.....။

အားလပ်ချိန်တွင်လည်း စာလုပ်၍မရပေ။ စာသင်ချိန်တွင်ပင် စာကိုအာရုံစိုက်၍မရ။ ဆိုးသည့်ကျောင်းသားများကို လိုက်ထိန်းနေရသည့် ဆရာ၊ဆရာမများ၏ ဒေါသမျက်နှာ မျိုးစုံကိုလည်း မြင်ဖူးသွားရသည်။ Aခန်းတွင် ပြုံးရွှင်နူးညံ့ခဲ့သည့် မင်းသားမျက်နှာဖြင့် ဆရာ၊ဆရာမများမှာ Dခန်းသို့ဝင်သည်နှင့် ဘီလူးခေါင်းစွပ်ရတော့သည်။ စာသင်ချိန်တွင် မုန့်ခိုးစားသည့်လူနှင့်၊ အိပ်ငိုက်သည့်လူနှင့် စကားပြောသည့်လူနှင့် စည်းကမ်းမဲ့ စရိုက်များစွာမှာ ဒီအခန်းတွင် ဖောဖောသီသီတွေ့နေရသည်ဟု မောင်ထင်မိသည်။

အဆိုးများထဲမှ အကောင်းဆုံးတစ်ခုကို ထောက်ပြရပါလျှင်တော့ မောင့်အနီးတွင် အခန်းကျဖော် ကျဖက်အဖြစ် မိုးဆောင်းတစ်ယောက်ရှိနေပေးခြင်းပင်။

မိုးဆောင်းသည် အမှတ်တစ်ဝက်ကျန်သည့် စာမေးပွဲကို အဖြေလွှာအလွတ်အပ်၍ ကျသည့်ဘာသာများအောင် တမင်လုပ်ကာ ဒီခန်းဆင်းလာခြင်းဖြစ်ကြောင်း မောင်သိပါသည်။ သူ့အတွက်မူ Dခန်းဖြစ်စေ၊ Cခန်းဖြစ်စေ... ဘယ်မှာနေနေထူးမခြားနားဟု ယူဆထားလေသလား.....။

အားလပ်ချိန်များတွင် မောင်စာအေးဆေးလုပ်နိုင်ရန် မိုးဆောင်းကဘေးလူများကို စကားလာမများအောင် ဟောက်ထုတ်တတ်သည်။ မဲဇာစာသင်ခန်းထဲတွင် မောင်က ဘုံမြင့်နန်းဆောင်မှ ဆင်းလာသည့် မင်းသမီးတစ်ပါးနှင့်တူနေသည်။ ဒီလိုဖြစ်အောင်လည်း ကိုယ်ရံတော်ကြီးမိုးဆောင်းက အင်အားဖြည့်ထားသည်မဟုတ်ပါလား....။ အချို့က မောင့်ကို နေပြည်တော်မှ အတွေ့အကြုံများ လာ,လာမေးတတ်ကြသည်။ မောင်သည် သူတို့အားလုံးနှင့်စကားမပြောချင်။ မဲဇာဟူသည်မှာ ကိုယ့်အိမ်ကိုယ့်ယာ ကိုယ့်ဌာနေလို မခံစားရ။ မဲဇာရပ်ဝန်းသည် မောင်နှင့်စိမ်းသက်လွန်းနေသည်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Dove le storie prendono vita. Scoprilo ora