Chapter-13

1.8K 172 1
                                    


အခန်းထဲတွင်မှောင်မိုက်တိတ်ဆိတ်နေသည်။ အပြင်မှာမိုးကဖွဲဖွဲလေးကျနေခဲ့သည့်မနက်ခင်းတစ်ခု.....။

ညကမောင်နေမကောင်းဖြစ်ခဲ့၍ လူကနွမ်းနယ်နေသည်။ ပုံမှန် ခေါင်းမူးတာ ဗိုက်အောင့်တာ လောက်နှင့်တော့ ဆရာတွေကကျောင်းနှင့် ကျူရှင်ကို ပျက်ခွင့်မပေးပေ။ မောင်က အမှန်တကယ် နေမကောင်းဖြစ်နေ၍သာ ကျောင်းကို တစ်ရက်ခွင့်တိုင်ထားပေးခြင်းဖြစ်သည်။ မနက်စောစောကပဲ အဒေါ်အိမ်ကို ဖုန်းဆက်ပြီး အကြောင်းကြားထားပြီးဖြစ်သည်။ မောင့်ဒေါ်လေးခင်ဗျာမှာလည်း ကလေးတစ်ဖက်နှင့်မို့ အလုပ်သိပ်မအားရှာ။ နေ့ခင်းပိုင်းမှ မောင့်ကို လာခေါ်မည်ဟု ပြောခဲ့သည်။

အားလုံးသည် ကျောင်းသွားကြပြီဖြစ်၍ အဆောင်တွင်းတွင် တိတ်ဆိတ်နေသည်။ မောင်တစ်ယောက်သာ ကုတင်ပေါ်တွင် ပက်လက်လှဲရင်း လူမမာအဖြစ်ကျန်ရစ်ခဲ့သည်။ ထွက်သက်ဝင်သက်မျှင်းမျှင်း.... အဖျားကငွေ့ငွေ့.....။ နေကောင်းကျန်းမာသည့်အခါ တစ်ကမ္ဘာလုံးကိုပင် အပိုင်သိမ်းမည်ဟု စိတ်ကူးယဥ်၍ရသည်။ နေမကောင်းသည့်အခါတွင်မူ သေခြင်းတရားသည် လက်တစ်ကမ်းအလိုမှာ ရှိနေသကဲ့သို့..... တောက်ပသည့် အနာဂတ်သည် မှေးမိန်လာသည်။

တိတ်ဆိတ်သည့်အခါ အထီးကျန်တတ်သလို နေမကောင်းသည့်အခါ ပို၍အားငယ်မိသည်။ အခုချိန်တွင် မောင့်အနားမှာ မေမေ့ကို ရှိစေချင်မိသည်။ မေမေကို ပုံမှန်အချိန်များထက် ပိုပြီးသတိရမိသည်။ ဒါပေမယ့်လည်းလေ.... မိုင်ပေါင်းရာချီဝေးတဲ့ အရပ်ကို မေမေဘယ်လိုလုပ်ပြီး ချက်ချင်းရောက်လာနိုင်မလဲ....။

မောင်.... အိပ်လို့လည်း မပျော်သလို စားလို့လည်းမဝင်၊ အတွေးတွေနှင့်ပင် ဟိုလှိမ့်ဒီလှိမ့်။ ကိုယ့်ကိုယ်ကိုယ်မတ်ထူဖို့ရန်ပင် ယိုင်နဲ့နဲ့ရယ်။
အစိမ်းရောင် Busကားမောင်းထွက်သံကို သဲ့သဲ့ကြားရသည်။

"မောင်...."

ရင်းနှီးနေတဲ့ အသံတစ်ခုက ချိုမြမြ။ အခန်းပေါက်ဝမှာ အဖြူအစိမ်းနဲ့ ရပ်နေသူသည် အိပ်မက်ပုံရိပ်လား အမှန်တကယ်လား ခွဲခြားဖို့ခက်ခဲလွန်းသည်။ ထိုသူက မောင့်ကုတင်အနီးသို့ လျှောက်လာနေသည်။ အနားရောက်မှ သူ့ပုံရိပ်က ပို၍ပီပြင်လာသည်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now