A/N: Chapter-18ရဲ့အဆက်။
မိုးဆောင်း: "မောင်...အိပ်ခန်းအပိုရှိလား..."
မောင်: "ရှိတယ် ဒါပေမယ့်... မိုးဆောင်း မောင်နဲ့အခန်းအတူတူသုံးလို့ရပါတယ်..."
ညဉ့်ယံသည် တိတ်ဆိတ်သွားသည်။ မိုးဆောင်းက ဘာစကားမျှဆက်မပြော။ မောင့်အနေနဲ့ မိုးဆောင်းအပေါ် မျှော်လင့်ချက်တွေ သိပ်များသွားသလား....။
ဒါပေမယ့် မိုးဆောင်းရယ်... ကျေးဇူးပြုပြီး မိုးဆောင်းနဲ့မောင့်ကြားမှာ အတိတ်က ဘာမှမဖြစ်ခဲ့သလို မလုပ်စမ်းပါနဲ့.....။
မိုးဆောင်းက သက်ပြင်းဖွဖွချတယ်။
"မောင်... ပြောင်းလှဲသွားတယ်.. ကိုယ်ကတော့ နောင်တတွေချည်းပါပဲ... ဘာလို့ မောင့်ဆီကို စောစောမလာခဲ့ရတာလဲဆိုပြီး ကိုယ့်ဘာသာတောင် အပြစ်တင်နေမိတယ်..."
"ရပါတယ်... မိုးဆောင်း.. တချို့အခြေအနေတွေက စောရောက်တာထက် အချိန်မီရောက်တာက ပိုကောင်းပါတယ်..."
"တော်သေးတာပေါ့ အချိန်မီရောက်လာသေးလို့..."
မိုးဆောင်းက သူ့ကိုယ်သူပြောနေသလို တိုးတိုးလေးရေရွတ်လိုက်တယ်။
နှစ်ယောက်သား အတူတူအိပ်စက်နေတဲ့ အိပ်ယာဟာ နွေးနွေးထွေးထွေးရှိလှပါတယ်။ မောင့်အနေနဲ့ မိုးဆောင်းကို ပြန်တွေ့ရတာဟာ အလွမ်းလည်းပြေသလို အတိတ်ကိုလည်း ပြန်လွမ်းစေပါတယ်။
မိုးဆောင်းရဲ့ အသက်ရှူသံတွေက ညင်ညင်သာသာလေး...။ အိပ်စက်နေတဲ့သူမဟာ ဆောင်းတွင်းကာလ မိုးညှင်းမြို့လေးလိုပဲ အေးချမ်းပြီး လှပပါတယ်။ သူ့ဖေဖေ 'ဦးနော်ဘူဆောင်း' ဆီကအမွေရတဲ့ မျက်ခုံးရိုးသွယ်သွယ် နက်နက်ကလေးတွေဟာ ဆွဲဆောင်မှုရှိလွန်းတယ်။ အရင်က မောင်မမြင်နိုင်ခဲ့တဲ့ သူမရဲ့အလှတရားဟာ အခုမောင့်မျက်စိရှေ့မှောက်မှာ အိပ်စက်လို့နေပါပြီ။ ဒီလိုနဲ့ ညဉ့်တော်တော်နက်မှ မောင်လည်းအိပ်ပျော်သွားခဲ့တယ်။
မနက်ခင်း မိုးလင်းတဲ့အခါ မိုးဆောင်းက အရင်ထပြီး ကော်ဖီသွားဖျော်နေပါတယ်။ မောင်ကတော့ စိန်ပြေနပြေသွားတိုက်လို့နေတယ်။ အဲ့ဒီအချိန်မှာပဲ လူခေါ်ခေါင်းလောင်းသံက မြည်လာပါတယ်။