Chapter-12

1.9K 187 1
                                    

မှန်ကိုလည်း....ငဲ့မကြည့်တော့...
ကေသာကြော့လည်း ပြေလျော့ခဲ့တယ်....
အိမ်မှာပန်လာရှာတဲ့...ပိတောက်ပန်းညိုးချိန်ဝယ်.... ပန်ပါလို့...ဇွတ်မပေးချင်....
မပန်ရင်လည်းပဲ ကိုယ်ခွင့်လွှတ်မယ်....
ရင်မှာကြင်နာတာတွေ သိပြီးသားပါကွယ်...
တောင်ပေါ်မြေမှာတော်ဝင်ပိတောက်ပန်းမရှိပေမယ့်....ဖြူစင်စေတနာအရုံးခံစိတ်ရင်းရှိကြတယ်.... ချယ်ရီတွေရယ် ဧည့်ဝတ်မပျက်ပါဘူးကွယ့်အချစ်ရယ်...နော်...လိမ္မာပါတယ် ဗမာမလေးစိတ်မညိုနဲ့....
ရွှေညာမြေကပိတောက်ဝါကို သတိရတဲ့အခါ
ချယ်ရီကိုသာပန်ကာကျေနပ်ကွယ်...

အပြင်မှာမိုးတို့သည်းသည်းမည်းမည်းရွာချနေသည်။ အစိမ်းရောင်Busကားကြီးသည် ကျောင်းသွားသည့်လမ်းပေါ်မှာ...။ ကားမှန်တံခါးများကို အလုံပိတ်ကာ အထဲ၌ စိုင်းထီးဆိုင်ရဲ့သီချင်းကို မိုးသံတွေလွမ်းအောင် ခပ်ကျယ်ကျယ်ဖွင့်ထားသည်။

မောင်နှင့်မိုးဆောင်းနှစ်ယောက်သား ကပ်လျက်ထိုင်ထားကြသည်။ အပြင်ဘက်တွင် မိုးရွာနေ၍ ကားပြတင်းမှန်များမှာ ရေငွေ့ဖြင့်မှုန်နေသည်။ မိုးဆောင်းက မှုန်နေသည့်ကားပြတင်းမှန်ကို လက်ညိုးလေးဖြင့်တို့ကာ အရုပ်မျိုးစုံဆွဲနေသည်။ အသည်းပုံခပ်ကြီးကြီးတစ်ခုကို လည်းဆွဲထားသည်။ အသည်းပုံအောက်တွင် မောင်, မိုးဆောင်း နှင့်တခြားသူငယ်ချင်းနာမည်များလည်းလျှောက်ရေးသည်။ သီချင်းသံအလိုက် ခြေဖျားကို တငြိမ့်ငြိမ့်လှုပ်ယမ်းနေသေးသည်။

ဇူလိုင်လ.....

ဇူလိုင်လသည် နှစ်စဥ် မိုးများတတ်သော လတစ်လ....သို့သော် ဒီနှစ်ပို၍ မိုးများသည်ထင်ရသည်။ အဆောင်ရှေ့ ရေနုတ်မြောင်းကလေးမှာ မိုးရေများပြည့်လျှံကာ အဆောင်ဝင်းထဲသို့ပင် ရေများတက်လာနေသည်။ အခန်းထဲကထွက်တာနှင့် ကျောပိုးအိတ်၊ လွယ်အိတ်များကို တိုတိုလွယ် ထဘီအောက်စကိုမ,ပြီး သွားနေရသည်။ သရက်သီးများလှိုင်လှိုင်ပေါ်ပြီ။ အဆောင်တွင်လည်း ပန်းဆွဲသရက်ပင်များ အများအပြားရှိ၍ သရက်သီးက အလျှံပယ်။ သို့သော် ဆရာများက ကလေးများဝမ်းပျက်မည်စိုး၍ လက်လွတ်စပယ် မခူးစားစေ...။ ခူးစားချင်လျှင် ဆရာတို့ဆီမှ ခွင့်ပြုချက်တောင်းရသည်။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Место, где живут истории. Откройте их для себя