Chapter-2

3.9K 275 0
                                    

အတိတ်က

မောင်...

ဖေဖော်ဝါရီလ၏ နောက်ဆုံးအပတ်ဖြစ်သော်လည်း... မိုးညှင်းမြို့လေးတွင်တော့ မြူနှင်းတို့ ရစ်သိုင်းလွှမ်းခြုံဆဲ...။

မနက်ခြောက်နာရီထိုးသည့်အခါ မောင်အိပ်ယာက နိုးလာခဲ့တယ်...။

မြူနှင်းတွေကြားမှာ အမှောင်ထုကကောင်းကောင်းမလွှင့်ပြယ်သေး...။ ဒီအရပ်မှာ နေထွက်တာနောက်ကျတယ်လေ...။

ဒေါ်လေးတို့ အိမ်ရှေ့လမ်းကြားကလေးမှာ ပျံကျစျေးတန်းကလေးတစ်ခုရှိပါတယ်။

အဲ့ဒီကိုသွားပြီး ကောက်ညှင်းပေါင်းတင်းနဲ့ တို့ဟူးကြော်ပူပူလေးကို ငါးရာဖိုးလောက်ဝယ်လာခဲ့တယ်...။ နယ်မှာအစစအရာရာစျေးချိုသည့်အတွက် ငါးရာဖိုးစာမုန့်များက မောင်တစ်ယောက်တည်းစားဖို့ရန်များလွန်းပါရဲ့...။ နံနက်ခင်းမှာ ကောက်ညှင်းပေါင်းတင်းရနံ့ကမွှေးကြိုင်နေပြီး...စားချင့်စဖွယ်ဖြစ်နေတယ်။
ဆောင်းတွင်းရဲ့ မရိုးနိုင်တဲ့အရသာတစ်မျိုး။
မောင် ဆောင်းနံနက်ခင်းစာကို တဝစားလိုက်ပြီး...ကျန်တာတွေကိုတော့ သီဟမောင် နိုးလာရင် စားဖို့ရန်ချန်ထားပစ်ခဲ့တယ်...။

ဆောင်းနံနက်ခင်းမှာ လမ်းလျှောက်ရတာကိုလည်းမောင်ကနှစ်ခြိုက်လှပါတယ်...။ ဘေးပတ်ပတ်လည်မှာ မြူတွေဆိုင်းနေတာကြောင့် တိမ်တိုက်ထဲရောက်နေသလို မောင်ခံစားမိတယ်...။ ဒီမြို့လေးမှာ ကျောင်းတက်ဖို့ ရွေးချယ်ခဲ့တာဟာ မောင့်အတွက်အရမ်းမှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်နေပါလိမ့်မယ်...။ ရောက်တာ သုံးလေးရက်ပဲရှိသေးတယ်။ မောင်တကယ့်ကိုပျော်နေမိပြီ...။

ညနေပိုင်းရောက်တော့ ဖေဖေ၊ မေမေနှင့် မောင်လေးတို့က မောင့်ကို ဘော်ဒါဆောင်လိုက်ပို့ကြတယ်။ ဒေါ်လေးတို့အိမ်ကနေ ကားနဲ့ဆယ်မိနစ်လောက်ပဲကြာတယ်...မောင်နေရမဲ့ ဘော်ဒါဆောင်ကိုရောက်လာခဲ့တယ်။

ဘော်ဒါဆောင်ရဲ့နာမည်က 'မြရိပ်ညို' တဲ့။

အဆောင်ရှေ့ ခြံစည်းရိုးမှာ လာဘ်ခေါ်တဲ့အိမ်ဦးဂမုန်းပင်တွေတန်းစီပြီးစိုက်ထားတယ်...။ အရွက်က ဖားဖားစိမ်းစိမ်းကြီးတွေနှင့်ရယ်။ သရက်ပင်ကြီးတွေလည်းတန်းစီပြီးပေါက်နေကြတယ်။ ကံ့ကော်ပင်တစ်ပင်လည်းရှိနေတယ်။ ကံ့ကော်ပန်းတွေတော့ မပွင့်သေးဘူးပေါ့...။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now