Chapter-11

2K 196 7
                                    

"ဒီတစ်ယောက်လား...."

"မဟုတ်သေးဘူး...."

"ဟော...ထွက်လာပီ သူလား..."

"မဟုတ်သေးဘူး...."

မိန်းကလေးအိပ်ဆောင်နှင့် ယောက်ျားလေးစာကြည့်ခန်းမှာ မျက်နှာစောင်းထိုးအနေအထားမို့ မောင်ရယ်၊ မိုးဆောင်းရယ်၊ လမင်းဖြူရယ်၊ သူဇာနဲ့ကြည်ပြာရယ် အိပ်ခန်းဆောင်ပြတင်းပေါက်မှာကာထားသည့် ခန်းစီးစကို အပေါက်ဖောက်ကာ ယောက်ျားလေးစာကြည့်ခန်းဝသို့ ချောင်းကြည့်နေကြခြင်းဖြစ်သည်။
အကြောင်းအရင်းမှာ မောင့်ဆီကို ရောက်လာသည့် ဒုတိယမြောက်ရည်းစားစာကြောင့်....။

သို့ပိုးဟေသီ.....

ကိုယ်ကအဝါရောင်တွေကိုသဘောကျတယ်....
ဟိုတစ်နေ့က ပိုးပိုးအဝါရောင်ဂါဝန်လေးဝတ်ထားတာသိပ်လှတာပဲ.... မင်းရဲ့ ပုံရိပ်လေးဟာ အခုထိကိုယ့်မျက်လုံးထဲကမထွက်ဘူး....
ဖြစ်နိုင်မယ်ဆိုရင် ကိုယ်မင်းကို နှင်းဆီအဝါတွေခူးပြီးဆက်သချင်တယ်....
အခုအချိန်မှာ ကိုယ့်ရဲ့အသည်းပုလ္လင်ဟာ လစ်လပ်နေတာမို့....ကိုယ်ကတော့ မင်းကို နန်းတင်ချင်တယ်...ကျေးဇူးပြုပြီး ကိုယ့်အသည်းပုလ္လင်မှာ ဘုရင်မလုပ်လှည့်ပါ.... ပိုးဆီကပြန်စာမလာလို့ ကိုယ့်ရင်မာပူလောင်နေရပါတယ်.... အဲ့ဒါကြောင့် ကိုယ့်ရဲ့မဟေသီလုပ်ဖို့ အချိန်မဆွဲပါ နဲ့တော့

ပိုးဆီကအချစ်တွေကို မျှော်လင့်လျက်။

ဗုန်း!!....

စာကိုဖတ်ပြီးသည်နှင့်မိုးဆောင်းက စာကြည့်စားပွဲပေါ်သို့ ဒေါသနှင့်ရိုက်ချလိုက်သည်။ ရည်းစားစာပေးခံရတဲ့ မောင်ကိုယ်တိုင်တောင် ဒီလောက်ဒေါသမထွက်။ ပထမတစ်ကြိမ်တုန်းက ရည်းစားစာကိုပါ တစ်ခါတည်းပြလိုက်သည်။ ပြဿနာက မောင်မင်းကြီးသားက သူ့စာမှာ နာမည်ရေးမထားတော့ ဘယ်သူဘယ်ဝါမှန်း မသိဖြစ်နေသည်။

"ကလေကချေ အုတ်ကြားမြက်ပေါက်ကောင်!
မောင်.... ဒီကိစ္စတွေအာရုံစိုက်မနေနဲ့ အခုအချိန်မှာ မောင့်ကို စာကိုပဲအာရုံစိုက်စေချင်တယ်...ဆရာတွေသိသွားရင်လည်း ပြဿနာက မသေးဘူး...ရည်းစားထားတယ်ဆိုပြီး အဆောင်ထုတ်ခံရနိုင်တယ်... အဲ့တော့ သူဘယ်သူဆိုတာ အရင်သိအောင်လုပ်ပြီး ဆရာ့ကို တိုင်ရမယ်...အဲ့ဒါမှ မောင်အပြစ်ကင်းကြောင်း သက်သေပြလို့ရမှာ... ပြီးတော့ ဒီကိစ္စငါ့တာဝန်ထား... မောင်ကစာပဲကျက်နေ Okလား..."

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Where stories live. Discover now