Chapter-26

1.5K 163 6
                                    

"နင်ရင်ခုန်တာ...ငါမဟုတ်ဘူးဟေ့~~~
နင်လိုချင်တာတွေမယူနိုင်ချိန်မှာ ခဏသုံးဟေ့..
အို မိုးများသည်းချိန်မှာ...ငါဟာထီးကလေးဖြစ်သွား~~~နင်မိုးတိတ်တဲ့အချိန် ချောင်ထဲမှာထား..~~~ ဘဝကနင့်ဆီမှာ အပြီးသတ်အပ်နှံထား....."

အက်ရှရှသီချင်းသံဟာ အဖြူရောင် ကားခေါင်းခန်းလေးထဲမှာ ပျံ့လွင့်နေတယ်။ အပြင်မှာ မိုးတွေသည်းသည်းမည်းမည်း ရွာနေခဲ့တယ်။ ကားဝှိုက်ဘာလေးက မိုးရေစက်တွေကို မနားတမ်း သပ်ချလို့နေတယ်။ သီချင်းသံ တစ်စစီတိုင်းက မောင့်အတွက် ဝမ်းနည်းမှုတွေ၊ ပူဆွေးမှုတွေ ယူလာပေးနေသလို....။

နေပါအုံး... မောင် ဒီအခြေအနေမျိုးကို ကြုံဖူးပါတယ်။

မနှစ်ကဖြစ်မယ်။ မောင့်ရဲ့ မသိစိတ်မှတ်ဉာဏ်တွေက ဒီသီချင်းသံနဲ့ ဒီအခြေအနေကို ကောင်းကောင်းမှတ်မိနေတယ်။ နာကျင်စူးရှတဲ့ အသိတစ်ခုက မောင့်ရဲ့ အသိစိတ်မှတ်ဉာဏ်တွေကို လှုပ်နိုးလိုက်တဲ့အခိုက်.... အိုး... မောင်ဖျားနေတာ။

အဖြူရောင် ကားရဲ့ ခေါင်းခန်းလေးထဲမှာ ကားဆရာရယ် မောင်ရယ်ပဲ ရှိနေခဲ့တာ။ ကားနောက်ခန်းမှာက ယောက်ျားလေးတွေကို တင်လာတယ်။ မနှစ်ကလို မောင်နေမကောင်းဖြစ်တဲ့အချိန် မိုးဆောင်းက မောင့်ဘေးနားမှာ ရှိမနေခဲ့ပါဘူး။

စိန်ပန်းနီနီတွေ လှိုင်လှိုင်ပွင့်တဲ့ အချိန် ကျောင်းပြန်ဖွင့်ပါပြီ။ မိုးရာသီရဲ့ ကာလတစ်ခုကိုလည်း ရောက်ခဲ့ပြီ။ ကျောင်းဖွင့်လို့ အခန်းခွဲကြတော့ မောင်က Aခန်းရပြီး မိုးဆောင်းက Bခန်းမှာ နေရတယ်။ ကျူရှင်မှာလည်း ထုံးစံအတိုင်း မောင်က နေပြည်တော်မှာနေပြီး မိုးဆောင်းက မဲဇာကနေမတက်။ ညပိုင်းစာကြည့်ချိန်တွေမှာလည်း ဆရာတွေက စာတော်တဲ့ ကျောင်းသားနဲ့ စာညံ့တဲ့ကျောင်းသား ခွဲထားချင်တာကြောင့် မောင်တို့ နေပြည်တော် အုပ်စုက အဆောင်ရဲ့ အရှေ့ဘက် အခန်းမှာပဲ စာကြည့်ရတယ်။

ဒီလိုနဲ့ မောင်နဲ့မိုးဆောင်းဟာ တစ်ဆောင်ထဲ အတူတူနေပေမယ့် မတွေ့ဖြစ်တဲ့ အချိန်က ခပ်များများရယ်....။ ကျောင်းပို့ ကျောင်းကြိုတဲ့ ကားစီးကြတော့လည်း မောင်က နေ့လယ်ပိုင်းတွေမှာ လူစောင့်စရာသိပ်မလိုပဲ အဆောင်ကို မြတ်မြန်ရောက်တဲ့ကားကို စီးဖြစ်တယ်။ ဆရာတွေ အားကိုးချစ်ခင်ကြတဲ့ မောင့်အတွက် ဘယ်ကားမဆို တက်စီးခွင့်ရှိတာမို့ အခွင့်အရေးကို အသုံးချပြီး အချိန်ချွေတာဖို့ရာ မောင်က မြန်မြန်ရောက်တဲ့ကားကိုပဲ စီးလေ့ရှိတယ်။ ဒါကြောင့် အခုလို နေမကောင်းဖြစ်တဲ့ အချိန်မှာလည်း မိုးဆောင်းတစ်ယောက် မောင့်ဘေးနား ရှိမနေခဲ့တာ သိပ်မဆန်းပါဘူး။

မောင့်သဘော...အလိုကျ    [ေမာင့္သေဘာ...အလိုက်](Completed)Tempat cerita menjadi hidup. Temukan sekarang