Part- 1

3.4K 150 5
                                    

Unicode

တိုက်ခတ်​နေ​သော​လေကပဲ ​အေးစက်တာလား.. သူတို့ကြားက အ​​ခြေအ​နေကပဲ ​​အေးစက်တာလားမသိ... ဟန်မြစ်ကမ်း​ဘေးက ခုံမှာ နှစ်​ယောက်အတူထိုင်​နေရင်း စကားမဆိုဖြစ်တဲ့အ​ခြေအ​နေ... ပတ်ဝန်းကျင်မှာ
​ပျော်ရွှင်ကြည်နူး​နေသူ​တွေကို Hoseok လှမ်းကြည့်​တော့ Min Nahyung ထံမှ သက်ပြင်းချသံ တိုးတိုး။

   " မ... ​မောင့်ကို​ပြောစရာရှိတယ်ဆို.."

   " အိမ်က မ ကို အိမ်​ထောင်ချ​ပေးဖို့ စီစဥ်​နေကြ
   တယ်.. မ ​မောင်နဲ့မခွဲချင်ဘူး.."

တစ်ချိန်ချိန်မှာ ကြုံမှာ​မျှော်လင့်​ပေမဲ့ ဒီအချိန်​တော့မဟုတ်.. အ​မေ ​နေမ​ကောင်းလို့ တက္ကသိုလ် ကနားလိုက်ပြီး အချိန်ပိုင်းအလုပ်များစွာနဲ့  Hotel တစ်ခုမှာအလုပ်သင် သင်တန်းသား တစ်​ယောက်က ပြည့်စုံတဲ့
မိန်းက​လေးတစ်​ယောက်ကို ဘယ်လိုအ​ကြောင်းပြချက်
နဲ့ ဆွဲထားရက်မှာလဲ...

   " မခွဲချင်ဘူးလို့​တောင် ​မောင်မ​​ပြောရဲဘူး မ ရယ်"

သူ့အသံ တိုးတိုးမှာ Nahyung ကနားလည်စွာပြုံး သည်။ ရည်းစားသက်တမ်း တစ်နှစ်မှာ Hoseok ရဲ့
အခက်အခဲ​တွေကို သူမ ​ဘေးက​နေအားပေး ​နေခဲ့ဖူးတာ​လေ...

   " စိတ်ရှိတိုင်းသာဆို မ ကို​ခေါ်ပြီးအ​ဝေးတစ်​နေရာ
     ကို ​မောင်သတ္တိရှိရှိထွက်​ပြေးချင်လိုက်တာ "

   " မ နားလည်ပါတယ်... အန်တီကိုလဲ ငဲ့ရဦးမယ်​လေ
     မ တို့ရဲ့ချစ်ခြင်းက ခွဲခွာဖို့များလား"

   " ကျွန်​တော်ရဲ့မပြည့်စုံခြင်းက မ ကိုနာကျင်​စေပြန်
     ပြီ.. ​တောင်းပန်ပါတယ် မ ရယ်"

မျက်ရည်​လေး​တွေသုတ်​ပေးရင်း ကိုယ်တိုင်လည်းအား
ငယ်သည်.. ဘဝ​တွေက မိုးနဲ့​မြေ..

   " ဘွဲ့ယူပြီးတာနဲ့ Wedding လုပ်မှာလားမသိဘူး "

   " Wedding ​တော့မဖိတ်နဲ့​နော်.. "

ပြန်ကြီးစိုးလာတဲ့ တိတ်ဆိတ်မှု​တွေကြား မ​နေတတ်​တော့ပုံရတဲ့ Min Nahyung ရုတ်တရက် ထရပ်သည်။

  " ​ပျော်ရွှင်ခဲ့ရလို့ ​ကျေးဇူးတင်ပါတယ် ​​မောင်...
    နှုတ်ဆက်ခဲ့ပါတယ်.."

Have been fall in love ( Completed )Where stories live. Discover now