- 23 -

1.7K 290 40
                                    

Promise ( 23 )

Unicode

" အစ်ကို ... သူက ဘယ်လိုလုပ်ပြီး ပြန်ရောက်လာ
တာလဲ "

ဂျီမင်းက စပ်စပ်စုစုနဲ့ ဆော့ဂျင်ကိုမေးနေသည် ။

" နမ်ဂျွန်ကိုပြောတာလား ? ဘယ်လိုပြန်ရောက်ရမှာ
လဲ ? ခြေထောက်နဲ့ပေါ့ "

" အာ ... အဲ့တာမဟုတ်ဘူးလေ ။ အကြာကြီး
ပျောက်နေပြီးမှ ... "

" မသိချင်နဲ့တော့ ။ ငါ အလုပ်ရှိသေးတယ် "

ဆော့ဂျင်က ဂျူတီကုတ်ကို ယူရင်း ထွက်သွားသည် ။

" အာ ... အစ်ကိုကလည်း ။ သူ့လူကိုဆို အမြဲလျှို
ထားတယ် "

ဆော့ဂျင်က ဂျီမင်းစကားကြောင့် ပြန်ပြီး လှည့်
ကြည့်လိုက်သည် ။

" ဘာ ... ? ငါ့လူ ? "

" ဟုတ်တယ်လေ ။ ဘာလဲ ထပ်လိမ်ဦးမလို့လား ။
အားလုံးသိနေတာကို "

" ဘာကိုသိတာလဲ ? ဘာလဲ ? "

" လုပ်ပြန်ပြီ လုပ်ပြန်ပြီ ။ အလုပ်ရှိတယ်ဆို ! အဲ့ကို
ပဲ ကြွမြန်းတော့ "

ပတ်ဂျီမင်းတို့များ မဲ့ကာရွဲ့ကာနဲ့ ထွက်သွားပုံက
ဆော့ဂျင် တန်းလန်းကြီး ကျန်နေခဲ့သည် ။

" အာ ... ဂျွန်ဂျောင်ကုက ဒုက္ခပေးလိုက် ပတ်ဂျီမင်း
က ဒုက္ခပေးလိုက်နဲ့ ငါနော် .... "

                                      //

​ဓာတ်လှေကား တံခါးတွေ ဖြည်းဖြည်းချင်းပွင့်
လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းက စိတ်မချမ်း
သာစရာ ။

နမ်ဂျွန်နဲ့ ဆုန်းအာက တူတူရှိနေခြင်းပင် ။
ဆော့ဂျင် မသိချင်ယောင်ဆောင်ပြီး ရှောင်ထွက်
သွားပေမယ့် ခေါ်သံကြောင့် ရှောင်မရခဲ့ ။

" အစ်ကို ! "

ဆော့ဂျင် လှည့်ကြည့်လိုက်တော့ နမ်ဂျွန်က ပါးချိုင့်
တွေ ထင်းနေအောင် ပြုံးပြသည် ။

" အာ ... မင်းရောက်နေတာပဲ ။ သူနဲ့လာတွေ့တာလား "

ဆော့ဂျင်က တမင်ရွဲ့၍ ပြောလိုက်သည် ။

" အာ ... မဟုတ်ပါဘူး ။ အစ်ကို့ဆီလာတာပေါ့ ။ "

" ဟုတ်တာပေါ့ ရှင့်ဆီလာတာလေ ။ ဘယ်သူရှိရ
ဦးမှာလဲ ။ ကျွန်မက စုံထောက်ကင်ကို သတင်းမေး
နေတာပါ ။ အကြာကြီး ပျောက်နေခဲ့လို့လေ ။ ဟုတ်
တယ်မလား နမ်ဂျွန် ! "

Promise • Namjin || Completed ||Where stories live. Discover now