- 22 -

1.6K 264 5
                                    

Promise ( 22 )

Unicode

" အစ်ကို ! ထမင်းစားပြီးပြီလား ? တူတူစား
ကြမလား .... "

ဆော့ဂျင် ဘာစကားမှ ထွက်မလာအောင်ထိ ရှေ့
တည့်တည့်မှာ ရောက်နေသူက နမ်ဂျွန် ။

" နမ် .. နမ်ဂျွန် ? "

" ဘာလို့ အဲ့လောက်ကြီး ပြူးပြဲကြည့်နေတာလဲ ? လူ
ကို သရဲလိုမျိုး "

ဆော့ဂျင်ဘာမှမပြောဘဲ မျက်ရည်တွေဝဲတက်လာ
ရင်း နမ်ဂျွန့်ဆီကိုပြေးသွားပြီး ဖက်လိုက်သည် ။

" အ ... အစ်ကို ? "

နမ်ဂျွန်က အဖက်ခံလိုက်ရပြီး အေးခဲသွားသလို ခံ
စားလိုက်ရသည် ။

" ငါ မင်းကို ဘယ်လောက်တောင်စိတ်ပူနေလဲ အရူး
ကောင်ရဲ့ !!!!! ဘယ်တွေရောက်နေလဲ !!!!! ဘာလို့
မဆက်သွယ်တာလဲ !!!!! "

" အစ်ကို ? "

" ငါဒီလောက်စာတွေပို့တာကိုရော ဘာလို့မဖတ်
တာလဲ !!!!! ငါသေသွားပြီလို့ထင်နေတာ သိရဲ့
လား !!! "

ဆော့ဂျင် ကိုယ်တိုင်တောင် ဘာတွေပြောလိုက်မိ
မှန်းတောင် မသိတော့ပါ ။

" အစ်ကို ! ကျွန်တော်ပြောတာနားထောင်ပါဦး "

နမ်ဂျွန်က ဆော့ဂျင် ပုခုံးတွေကို ဆုပ်ကိုင်ရင်း မျက်
လုံးတွေ သေချာကြည့်လိုက်သည် ။

" ကျွန်တော် အခု အစ်ကို့ ရှေ့မှာရောက်နေပြီလေ ။
ဘာလို့ ငိုနေတာတုန်း "

နမ်ဂျွန်က ဆော့ဂျင်ပါးပေါ်က မျက်ရည်တွေကို ခပ်
ဖွဖွသုတ်ပေးလိုက်သည် ။

" ငါမေးတာတွေလည်း မဖြေဘူး "

ဆော့ဂျင်က ကလေးလိုမျိုး မျက်ရည်တွေကိုသုတ်
ရင်း ရှိုက်ရင်း ပြောလိုက်သည် ။

" အဟဟဟ .... ဖြေပါ့မယ်ဗျာ ။ ကဲ ဟိုမှာထိုင်ဦး "

ဆော့ဂျင်ကို ခုံမှာထိုင်ခိုင်းလိုက်ပြီး နမ်ဂျွန်ကလည်း
ထိုင်လိုက်သည် ။

" တကယ်တော့ ပြဿနာတွေကနည်းနည်းရှုပ်သွား
တယ် ။ ကျွန်တော်တို့တွေ အဲ့မြို့ကိုရောက်နေတာ
ဘယ်သူက သတင်းပေးလိုက်လဲမသိဘူး ။ အဲ့တော့
ရှာရမယ့်လူက ပုန်းနေတယ်လေ ။ ပုန်းနေတဲ့သူကို
ဘယ်ရှာတွေ့နိုင်တော့မလဲ ။ အဲ့တာနဲ့ ခြေရာဖျောက်
ပြီး ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်နေတာ ... "

Promise • Namjin || Completed ||Where stories live. Discover now