- 24 -

1.7K 266 16
                                    

Promise ( 24 )

Unicode

လျှောက်နေတဲ့ ခြေလှမ်းတွေက အရင်နေ့ကနဲ့မတူ ။
ပတ်ဝန်းကျင်ကလည်း ပိုပြီး လှနေသယောင် ။
အချစ်ဆိုတာ ဒီလိုလည်း ဖန်ဆင်းပေးတတ်
သည်ကိုး ။

" အစ်ကို ! ဆေးရုံကိုသွားနေပြီလား "

ချစ်ရသူရဲ့ အသံကို မိုးလင်းတာနဲ့ ဖုန်းထဲကြားနေ
ရပါပြီ ။

" အခုပဲ ရောက်တာ ။ ရုံးခန်းထဲကို သွားနေတယ် "

" အာ ... တွေ့ချင်လိုက်တာ ! "

" ဒီနေ့ အလုပ်များတယ်ဆို ... "

" ဟုတ်တယ် ... ဒီနေ့တော့ အစ်ကို့မျက်နှာကို မတွေ့
ရတော့ အားအင်တွေ မပြည့်တော့ဘူးဗျာ "

ဘယ်သူယုံမှာလဲ ။ အရပ်ရှည်ရှည် ဒေါင်ကောင်း
ကောင်း စမတ်ကျကျ ကောင်လေးက ဆော့ဂျင်ကို
ချွဲနေပါတယ်လို့ ။

" စကားတတ်တာနဲ့ အပိုတွေမပြောနဲ့ ။ ယုံမယ်ထင်
လို့လား "

" စွာလိုက်တာဗျာ ။ အနားရှိရင် ဖက်နမ်းမှာ "

ဆော့ဂျင်က ပါးတွေပူခနဲ ဖြစ်သွားပြီး နီရဲသွား
သည် ။

နမ်ဂျွန်က ဆော့ဂျင်ဘက်က ဖုန်းသံမကြားရတော့
တာကြောင့် ပြောနေရင်း ကြောင်သွားသည် ။

" ဟမ် ! ဖုန်းက ကျသွားတာလား ? "

" အမ် ... နားထောင်နေတယ် "

" ဘာလဲ ! ရှက်သွားတာလား "

" မရှက်ပါဘူး ။ ဒါပဲ ဖုန်းချပြီ အလုပ်ရှိတယ် "

လျင်လျင်မြန်မြန် ပြတ်တောက်သွားတဲ့ ဖုန်းသံလေး
က နမ်ဂျွန့်အတွက်တော့ အူယားစရာဖြစ်နေခဲ့သည် ။

" အစ်ကို ... ရှက်နေတဲ့ပုံက တကယ်ချစ်စရာကောင်း
မှာပဲ ! "

                                      //

" အဲ့လောက်ပြုံးရီနေတာ တစ်ခုခုတော့ တစ်ခုခုပဲ "

စပ်စုစိန် ဂျီမင်းက အခန်းထဲဝင်လာပြီး မသင်္ကာဖြစ်
နေသည် ။

" မင်း တံခါးမခေါက် ... ခေါက် ... "

" Aish ... ဟိုးစတော့နော် ။ ခေါက်ပါတယ်ဗျာ ။ သူ့
ဘာသာ မကြားနိုင်လောက်အောင်ဖြစ်နေပြီးတော့ "

Promise • Namjin || Completed ||Where stories live. Discover now