- 32 -

1.1K 175 20
                                    

Promise ( 32 )

Unicode

ကော်ဖီရဲ့ အငွေ့တွေက အဆက်မပြတ် ပျံတက်
နေသည် ။

" အစ်ကို အဲ့တော့ ဘယ်လိုဖြစ်မှာလဲ ?!!! "

ဂျောင်ကု က ကြားရတဲ့စကားကြောင့် လန့်သွားပြီး
မေးသည် ။

" ငါတို့ ... ငါတို့ စောင့်ကြည့်ရမှာပေါ့ "

" ကျွန်တော်တို့ အစ်ကိုက ပြန်မနိုးလာတော့ဘူး
လားဟင် အဟင့် ! "

ဟိုဆော့က တရှုံ့ရှုံ့နဲ့ ငိုနေရင်း ပြောသည် ။

" အဲ့လိုတော့ပြောလို့မရပေမယ့် အဲ့လိုလည်း ဖြစ်
သွားနိုင်တယ် "

ဆော့ဂျင်က ပျံတက်သွားတဲ့ ကော်ဖီငွေ့တွေကိုပဲ
မျက်တောင်မခတ် ကြည့်နေရင်း အသက်မပါစွာ
ဖြေနေသည် ။

" ကျွန်တော်တို့ မျှော်လင့်ချက်ရှိသေးတယ်မလား ။
အသက်တောင် ရအောင် ကယ်ထားနိုင်သေးတာပဲ ။
စုံထောက်ကင်က ဘယ်လိုလူမျိုးမို့လဲ "

ယွန်းဂီက အားလုံး စိတ်သက်သာရာရသွားအောင်
ပြောသည် ။

" ဟုတ်တာပေါ့ ... သူက သိပ်ကိုသန်မာပါတယ် "

ဆော့ဂျင်က မျက်ရည်တွေကိုထိန်းလားလိုက်သည် ။

" အခု ငါလည်း ပြန်သွားရမှာဆိုတော့ ... "

ဆော့ဂျင်က စကားစကို အဆုံးသတ်လိုက်သည် ။

" အာ ဟုတ်တာပေါ့ ... ပြန်သွားပါခင်ဗျာ "

ယွန်းဂီက မတ်တပ်ရပ်လိုက်ပြီး နှုတ်ဆက်လိုက်
သည် ။

ဆော့ဂျင်ထွက်သွားတော့ ယွန်းဂီက ညည်းတွား
လိုက်သည် ။

" အရမ်း စိတ်ထိခိုက်နေပုံပဲ "

" ဒါပေါ့ဗျာ ... ဘယ်လောက်တောင် ပင်ပန်းနေလိုက်
မလဲ ? မနေ့ကဆို လဲတောင်ကျသွားတယ် "

ဂျောင်ကုက သက်ပြင်းချရင်း ပြောလိုက်သည် ။

" ဖြစ်လောက်ပါတယ် ။ အရမ်းပင်ပန်းနေမှာ ... ။
အနားပေးလိုက်ပါဦး ။ "

                                       //

ဆော့ဂျင်က နမ်ဂျွန့်ကို ကြည့်ဖို့ဝင်လာတော့ ဧည့်
သည်က ရောက်နေသည် ။

Promise • Namjin || Completed ||Where stories live. Discover now