- 9 -

2.3K 352 24
                                    

Promise ( 9 )

Unicode

ဆော့ဂျင် အရင်နေ့တွေလိုပဲ ဆေးရုံထဲကို ပုံမှန်အတိုင်း
ဝင်လာရင်း နမ်ဂျွန်ရှိတဲ့အခန်းဆီ ပြေးကြည့်ဖို့ပြင်သည်

ဒါပေမဲ့ သူနာပြုဆရာမလေးက အပြေးအလွှား ဆော့
ဂျင်ဆီ လာရင်း -

" ဆရာ ဆရာ ! "

" အင်း ကပြာကယာနဲ့ ! ဘာလဲ "

" အခန်း ( 431 ) ကလူနာ  ....  "

ဆော့ဂျင် သဘောပေါက်လိုက်သည်
စကားမဆုံးသေးခင်မှာပဲ အမြန်ပြေးပြီး ဓာတ်လှေ
ကား ခလုတ်ကို နှိပ်လိုက်သည်
ဓာတ်လှေကားက မပွင့်ဘဲ ကြာဦးမှာမို့ လှေကားဆီ
သွားရင်း အမြန်ပြေးတက်တော့သည်

ဂျွန် ငါတို့ တစ်ခါလောက် ကောင်းကောင်းထပ် Date
ကြမလား ဒီတစ်ခါ ငါက များများပြုံးရီပေးပြီး စကား
တွေအများကြီး ပြောကြမယ်လေ

အသက်ရှူရပ်မတတ်မောနေပေမယ့် ဆော့ဂျင်က
လုံးဝ မရပ်ဘဲ ဆက်တိုက်ပြေးတက်နေတော့သည်
နောက်ဆုံး အလွှာကိုရောက်လာပြီး အခန်း ( 431 )
ရှေ့ အသက်ကိုပုံမှန်ရှူရင်း ခဏမတ်တပ်ရပ်နေမိ
လိုက်သည်

ငါ့ကို ကောင်းကောင်းကြိုဆိုပေးမယ်မလား ဂျွန်

အခန်း ( 431 ) တံခါးကို ဖွင့်လိုက်တော့ ဂျွန်က ပြတင်း
ပေါက်ဘက်ကို မျက်နှာမူလျက် ထိုင်နေသည်

တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းထဲ တံခါးဖွင့်သံနဲ့
အတူ ဆော့ဂျင်ရဲ့ အသက်ရှူသံပြင်းပြင်းကို သာကြား
နေရသည်
ထို့နောက် နမ်ဂျွန်က တဖြည်းဖြည်းလှည့်ကြည့်သည်

Promise • Namjin || Completed ||Where stories live. Discover now