- 28 -

1.5K 241 17
                                    

Promise ( 28 )

Unicode

လေအေးတွေက ခပ်ကြမ်းကြမ်းတိုက်နေသည် ။
ခန္ဓာကိုယ်ကို လာထိတိုင်း အရိုးထဲထိစိမ့်အောင်
အေးလွန်းသည် ။

" အဖေဖြစ်သူနဲ့ တွေ့တယ်ဆို ? ဘာတွေပြောဖြစ်
ကြတာလဲ သိလို့ရလား မောင် "

နမ်ဂျွန်က ဆော့ဂျင်ရဲ့လည်ပင်းက ပြေလျော့နေတဲ့
လည်စည်းပုဝါကို စည်းပေးရင်း ပြောလိုက်သည် ။

" ဘာမှ မဟုတ်ပါဘူး ။ ဒီတိုင်း ထမင်းတူတူစား
ချင်လို့ဆိုပြီး ... "

" အာ ... ရန်ဖြစ်ကြသေးလားဟင် "

ဆော့ဂျင်က စိုးရိမ်နေဟန်နဲ့မေးသည် ။

" မဖြစ်ပါဘူး ။ ဒီတိုင်း ကတောက်ကဆတော့
ရှိတာပေါ့ "

" မောင်သဘောမကျတာတွေ သူကလုပ်ခိုင်းတယ်
ဆိုရင်တောင် နားလည်ပေးလိုက်ပါ ။ "

" တစ်ခါတစ်လေတော့လည်း နားမလည်ပေးနိုင်
ဘူး အစ်ကို ။ မောင် အမြဲတမ်းနားလည်ခဲ့တာပဲ ။
အမေနဲ့ မောင့်ကိုထားခဲ့တာတောင် ... "

နမ်ဂျွန့် အသံတွေက တိမ်ဝင်သွားသည် ။

" နားလည်ပါတယ် ။ တကယ် .. နားလည်တယ် ။
အဲ့တာကြောင့် အတင်းအကျပ်ပြောတာ မဟုတ်ပါ
ဘူး ။ ငါငယ်ငယ်တုန်းက ... "

" အဲ့အကြောင်းတွေမပြောပါနဲ့ ။ အစ်ကိုနဲ့က
ကွာခြားတယ်မလား ။ မောင့်ကြောင့်နဲ့ အဲ့
အကြောင်းတွေပြောမနေပါနဲ့ ။ ပင်ပန်းရတယ် "

ကပိုကရိုကျနေတဲ့ ဆော့ဂျင်ရဲ့ရှေ့ဆံပင်တွေကို
သပ်တင်ပေးလိုက်သည် ။

" အာ မေ့နေတာပဲ ။ လက်ဆောင် ... "

ရုတ်တရက် ထပြောတဲ့ ဆော့ဂျင်ရဲ့ စကားကြောင့်
နမ်ဂျွန်က ကြောင်သွားသည် ။

" ဟမ် ... လက်ဆောင် ? "

" ဟုတ်တယ် လက်ဆောင် ။ "

ဆော့ဂျင်က ထောင့်မှန်စတုဂံဘူးလေးထဲက
ဖိနပ်အဖြူ ရောင်လေးကိုထုတ်ပြီး စီးပေးဖို့
ပြင်သည် ။

" အစ်ကို ah ... ဒါကဘာလဲ ? "

" မြင်နေတာကို ... ဖိနပ်လေ "

Promise • Namjin || Completed ||Where stories live. Discover now