- 37 -

1.1K 179 11
                                    

Promise ( 37 )

Unicode

​ဆော့ဂျင်က နမ်ဂျွန့်အခန်းတံခါးကို ဖွင့်လိုက်တော့
ယွန်းဂီတို့က ရောက်နေသည် ။

" မင်းတို့ရောက်နေတာလား ? "

" ဟုတ်တယ် ။ သူတို့ရောက်တာ သိပ်မကြာသေးပါ
ဘူး ။ အစ်ကို ဘယ်သွားတာလဲ ခုဏက ... ဟို .., ? "

ဂျောင်ကုက နမ်ဂျွန့် အဖေ ခေါ်ထုတ်သွားတာသိ
သည်မို့ ပြာပြာသလဲမေးလိုက်သည် ။

" အာ ... ဘာမှမဟုတ်ပါဘူး ။ ဒါနဲ့ ယွန်းဂီနဲ့ ဟိုဆော့ ။
မင်းတို့ ဘာလို့ လူနာခန်းကို အိမ်လို ခဏခဏ ဝင်
ထွက်နေတာတုန်း "

ဆော့ဂျင်ကမေးလိုက်တော့ ဟိုဆော့က ရီသည် ။

" အစ်ကိုကလည်း ကျွန်တော်တို့လည်း တွေ့ချင်
လို့ပေါ့ဗျ ! အစ်ကိုကတော့ တွေ့ချင်တိုင်း ရတယ်ဆို
ပြီးတော့နော် ။ "

" မဟုတ်ပါဘူးကွာ ... ငါက ဒီတိုင်းပြောတာပါ "

နမ်ဂျွန်က ယွန်းဂီတို့ကိုကြည့်လိုက် ဆော့ဂျင်ကို
ကြည့်လိုက်နဲ့ စဥ်းစားနေသည် ။

" နေပါဦး ! ဟိုဆော့တို့နဲ့ အစ်ကိုဆော့ဂျင်က ဘယ်
တုန်းကတည်းက ဒီလောက်ရင်းနှီးသွားရတာလဲ ? "

ဆော့ဂျင်နဲ့ ယွန်းဂီတို့ အပြန်အလှန် တစ်ယောက်
မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည် ။

" အာ ... မင်းက ဒီလိုမျိုးဖြစ်နေတော့ ခဏခဏ
လာရင်း ငါနဲ့သိနေတာပါ ။ အထူးတလည်မရှိပါ
ဘူး ... "

အကြောင်းပြချက်ကလည်း အဓိပ္ပာယ်ရှိနေတော့
နမ်ဂျွန်က တွေဝေနေပေမယ့်လည်း ဘာမှပြန်မပြော ။

" ဒါနဲ့ အစ်ကို .... "

နမ်ဂျွန်က ဆော့ဂျင်လက်ကို လှမ်းဆွဲလိုက်သည် ။

ဒီလိုထိတွေ့မှုတိုင်း အသစ်ဖြစ်လာတဲ့ ရင်ခုန်သံ
တွေကို တာဝန်ယူမယ့်သူမရှိဘူးဆိုရင် တို့တွေ
အစထဲက မပတ်သက်ကြခဲ့ရင် ကောင်းသား ။

" ခုဏက ပြောတာလေ ... အစ်ကိုပြောပြရင် ကျွန်
တော် ယုံမှာလား ဆိုတာ အဲ့တာ ... ? "

" အာ ... အဲ့တာက .... "

ဆော့ဂျင် စကားကို ဂျောင်ကုက မျှော်လင့်နေသည် ။
ပြောပြတော့မယ် လို့လည်း ဂျောင်ကုက သိထားပြီး
ဖြစ်သည် ။

Promise • Namjin || Completed ||Where stories live. Discover now