- 21 -

1.6K 256 32
                                    

Promise ( 21 )

Unicode

ဒီဇင်ဘာရောက်ပြီဆိုတော့ ပထမဆုံး နှင်းတောင်
ကျနေပြီလေ ။
ပတ်ဝန်းကျင်ကလည်း ခြောက်ကပ်နေသည် ။

ရာသီဥတုအေးလည်း ငါ့ရင်ထဲမှာတော့ပူတယ် ။
နမ်ဂျွန် ah ... မင်းဘယ်မှာလဲ ။

" ကောင်းကောင်းရှိနေလား ! ငါ ဒီနေ့ထမင်းသေ
ချာစားတယ် ။ စိတ်ပူမနေနဲ့ ။ မင်းရော ထမင်း
သေချာစားရဲ့လား ။ မြန်မြန်လာခဲ့လေ ။ ကတိ
တည်ထားတယ်မလား ။ ထမင်းတူတူစားရအောင် "

" နမ်ဂျွန် ... ငါ အဲ့ဒီပရောဂျက် အောင်မြင်ခဲ့တယ် ။
မင်းသာရှိနေရင် ငါတို့ တူတူ ညစာစားဖြစ်မလား
မသိဘူး "

" ငါဒီနေ့ နေသိပ်မကောင်းဘူး ။ ပင်ပန်းလို့ထင်
ပါတယ် ။ မင်းရော အဆင်ပြေနေတယ်မလား "

" ဒီနေ့တော့ ဂျောင်ကုက ငါ့ကို အပြင်မှာ ညစာလိုက်
ကျွေးတယ် ။ မင်းအကြောင်းတွေလည်း ပြောဖြစ်
တယ် ။ ရီစရာတွေလည်း ပါတယ် ။ ထပ်ပြီး စိတ်ပူ
အောင် မလုပ်ဘဲ မြန်မြန်ပြန်လာခဲ့တော့ .... ။ "

တစ်နေ့တစ်နေ့ လက်ခံသူမရှိတဲ့ ဖုန်းကို စာပို့နေ
မိတာ ရူးနေပြီလို့ ကိုယ် ကိုယ်တိုင် သိလျက်နဲ့လည်း
ဒီနေ့ ထပ်ပြီး စာပို့ဖို့ ဖုန်းကို ကိုင်လိုက်သည် ။

" မင်းကို မုန်းတယ် ။ ငါ့ကို ထပ်ပြီး ထားသွားလို့ ... ။
ဒီဇင်ဘာကုန်လို့မှ ပြန်မလာရင် အဲ့ချိန် သူငယ်ချင်း
ဆိုတာလည်း အလိမ်အညာလို့ပဲ မှတ်လိုက်မယ် ကင်
နမ်ဂျွန်ရှိ ! "

စာကို ရိုက်ပြီးနောက် ပို့လိုက်ပြီး စားပွဲပေါ် ကို
ဖုန်းပစ်ချလိုက်သည် ။
ဆော့ဂျင် ဆံပင်တွေကို လက်နဲ့ထိုးဖွလိုက်ပြီး
ခေါင်းကို ငုံ့ထားလိုက်သည် ။

" အစ်ကို ? "

ဂျီမင်းက အခန်းထဲကို ဝင်လာတော့ ဆော့ဂျင်က
ဟန်မပြတ် ပြန်ထိုင်နေလိုက်သည် ။

" အဆင်ပြေရဲ့လား ! "

" အင်း ! "

ဆော့ဂျင်က ချက်ချင်းပဲ ဖိုင်တွဲတွေရှာကာ ဖတ်
နေသည် ။

" အစ်ကို !!!!! "

ဂျီမင်းက ညည်းညူသံနဲ့ ဆော့ဂျင်ကို ခေါ်လိုက်
သည် ။

Promise • Namjin || Completed ||Where stories live. Discover now