- 16 -

2.1K 297 30
                                    

Promise ( 16 )

Unicode

ဂျွန်က စုံထောက်ဖြစ်တာနဲ့ အညီ အလုပ်လုပ်ရင်လည်း
အာရုံသိပ်စိုက်သည်

အခုလည်း စာအုပ်တွေကို လက်ချောင်းထိပ်ဖျားတွေ
နဲ့ ယှက်ထိကြည့်ရင်း သူလိုချင်တဲ့ စာအုပ်ကို စိတ်ဝင်
တစားရှာနေသည်

ဆော့ဂျင်အတွက်ကတော့ ဒီနေ့ဖတ်မယ့် စာအုပ်လေးက
ဂျွန့်မျက်နှာပေါ့
တစ်မေ့တစ်မော ငေးကြည့်ရင်တောင် မရိုးရတဲ့ မျက်နှာ
လေးပါပဲ ပြည့်စုံလိုက်တဲ့ ဒီကောင်လေးကို မြတ်နိုး
စရာ ပါးချိုင့်ပါ ဘုရားသခင်က လက်ဆောင်ထည့်ပေး
လိုက်သေးသည်

" မှတ်ထားတာတွေ ရှာမယ်ဆို ? "

နမ်ဂျွန်အနားရောက်လာပြီး စကားလာပြောနေသည်ထိ
တောင် မသိလောက်တဲ့ထိ ငေးကြည့်နေမိတာများလား

" အာ ဟုတ်တယ် ပြီးသွားပြီ "

" ပြီးသွားပြီ ? တကယ် ? မြန်လိုက်တာ "

" သိပ်မများလို့ပါ မင်းကြာဦးမယ်ဆိုရင် ငါပြန်တော့
မယ် "

ဆော့ဂျင်က ရှက်ကိုးရှက်ကန်းနဲ့ ပါးတွေများရဲလို့

" မပြန်နဲ့လေ ! အတူတူပြန်မှာပေါ့ "

ဂျွန်က ဖတ်လက်စ စာအုပ်ကို စင်ပေါ်လှမ်းတင်
လိုက်သည် ရှည်လျားတဲ့အရပ်က လက်ကိုအသာ
မြှောက်ရုံနဲ့တင် စာအုပ်စင်ပေါ်ကို စာအုပ်ရောက်သည်

" အတူပြန်မယ် ? ရပါတယ် နေပါစေ "

" မနေပါဘူး "

" ဟမ် "

" ကော်ဖီသောက်ချင်လား ? ဒီနားမှာ ကော်ဖီဆိုင်
ကောင်းကောင်းရှိတယ် ခဏထိုင်ရအောင် "

Promise • Namjin || Completed ||Where stories live. Discover now