- 3 -

2.9K 362 29
                                    

Promise ( 3 )

Unicode

တွဲဖက်မင် ဆီအမြန်ပြေးလာသော စုံထောက်ကင်မှာ
မောဟိုက်နေသည်

" ဒီနေ့ နောက်ကျနေတာလား စုံထောက်ကင် "

" အင်း ငါအိပ်ပျော်သွားလို့ "

" ကျွန်တော် အချက်အလက်တွေအားလုံးပြင်ဆင်
လာတယ် လူနာတွေ့ချိန်တောင်ကျော်နေပြီ မြန်မြန်ဝင် "

" အေး ကျေးဇူး "

စုံထောက်ကင် က အခန်းတံခါးကိုဖွင့်လိုက်တော့
တရားခံလူနာကို ဆေးသွင်းပေးနေသော ဆရာဝန်
မလေး အသစ်တစ်ယောက်

" အာ !! တစ်ဆိတ်လောက် ? "

" အော် ရောက်လာပြီလား ? ဆေးလေးသွင်းပြီးရင်
ရပါပြီ ခဏနော် "

" ဟိုဟာ .... အရင်ကဆရာဝန်က.. ? "

" အော် သူ့နေရာမှာ ကျွန်မ တာဝန်ယူထားတာပါ "

" သူက ?!!!! "

" သူက တာဝန်ကျတဲ့ဆေးရုံကို ပြောင်းသွားတာပါ "

" ပြောင်းသွားတယ် ??? "

တွဲဖက်မင်က စုံထောက်ကင် ပုခုံးကိုပုတ်လိုက်ရင်း -

" စုံထောက်ကင် ဘာလုပ်နေတာလဲ "

" မဟုတ်ပါဘူး ဆရာဝန်ပြောင်းသွားလို့မေးနေတာ "

" အော် !! စုံထောက်ကင်အတွက်ကောင်းတာပေါ့ !!
မဟုတ်ဘူးလား နှစ်ယောက်သားကမတည့်တာကို "

" အဲ့လိုလည်းမဟုတ်ပါဘူး "

" ဘာလဲ လွမ်းလို့လား ? "

" ဟာ !! ငါက မနေ့ကတင်တွေ့တယ် ဒီနေ့ပြောင်းတယ်
ဆိုတော့ အရမ်းမြန်နေလို့ပါကွ "

Promise • Namjin || Completed ||Where stories live. Discover now