- 11 -

2.2K 291 15
                                    

Promise ( 11 )

Unicode

" ငါဘယ်သူလဲဆိုတာ မင်းအတွက် အရေးကြီးနေ
လို့လား "

စုံထောက်ကင် တို့ဖြေရခက်လေပြီ

" မဟုတ်ဘူး ဟို ...  "

" ဒါဆိုလည်း မေးမနေပါနဲ့ ကျန်းမာရေးပဲဂရုစိုက်
မြန်မြန်ဆေးရုံကဆင်းချင်တာမလား "

" အာ ...  ခင်ဗျားက ဒွိဟဖြစ်အောင်လုပ်နေတာပဲ "

ဆော့ဂျင်က ပြောပြောဆိုဆိုနဲ့ ထိုနေရာကထွက်လာ
ခဲ့သည်

တကယ်တော့ ရှောင်ထွက်ခဲ့ခြင်းပင်
ကိုယ့်စကားလုံးနဲ့ ကိုယ်ပြန်ပိတ်မိနေပြီးမှ ပြောစရာမရှိ

" ဂျွန် မင်းရဲ့ လက်ရှိအတိုင်းပဲ ဆက်သွားပါတော့ "

                                       //

မြင်လိုက်တာနဲ့ ထင်းနေလောက်အောင် ချောမော
လွန်းတဲ့ အရပ်ရှည်ရှည် ဆရာဝန်လေးက ဆေးမှတ်
တမ်းကို လမ်းလျှောက်ရင်းလှန်လှော ကြည့်နေသည်

စင်းကျနေတဲ့ မျက်တောင်ရှည်ရှည်တွေနဲ့ ဆေးမှတ်
တမ်းတွေကို လှန်လှောနေတဲ့ လက်ချောင်းသွယ်သွယ်
တွေက ရင်ခုန်လောက်တဲ့အထိ
ဘေးက သူနာပြုဆရာမလေးကို တစ်ခုခုပြောနေတဲ့
ခပ်ထူထူ နှုတ်ခမ်းတွေကလည်း ငေးလောက်စရာ

" ဒီမှာ ကင်ဆော့ဂျင်ရှိ ! "

" ဟမ် မင်းက ဘာလို့ဒီမှာလဲ "

ဂျွန်က အခန်းထဲမှာ မရှိနေဘဲ အပြင်ကိုရောက်နေသည်

" အခန်းထဲမှာပဲ အမြဲရှိနေရမှာလား "

" မဟုတ်ပါဘူး မင်း တစ်ခုခုများ ဖြစ်လို့လားလို့
နေမကောင်းလို့လား "

Promise • Namjin || Completed ||Where stories live. Discover now