- 33 -

1.1K 179 26
                                    

Promise ( 33 )

Unicode

လေတွေက မောင့်ရဲ့ ဆံနွယ်တွေ ရွေ့လျားရုံမျှ
တိုက်ခတ်နေသည် ။ ဆံသားပျော့ပျော့လေးတွေ
ကို ထိကြည့်ရတာလည်း စိတ်လှုပ်ရှားစရာကောင်း
သည် ။ မျက်တောင်ရှည်ရှည်လေးတွေက အစ
မြတ်နိုးရလွန်း လို့ မောင့်ရဲ့ မျက်နှာအစိတ်အပိုင်း
တစ်ခုချင်းစီကို တစ်ဝကြီး ငေးကြည့်နေလိုက်သည် ။

မောင်က အိပ်ပျော်နေလားတော့မသိ ။ ပေါင်ပေါ်
မှာ ခေါင်းအုံးရင်း မှေးနေလေသည် ။ ဘာလို့ ဒီ
လောက်ထိ တွယ်တာချင်စရာကောင်းရတာလဲ မသိ
ပေမယ့် မောင်က နှလုံးသား တစ်ခုလုံးဖြစ်လာခဲ့
သည် ။

အသက်ရှူသံလေးက အစ ချစ်မိသည် ။ မောင်ရဲ့
ပါးလေးကို ခပ်ဖွဖွသွားထိတော့ လက်ကို ဆတ်ခနဲ
ဖမ်းဆုပ်လိုက်သည် ။

" ဟင် ? မောင် အိပ်မနေဘူးလား ? "

" ဒီကောင်လေး အညာမိသွားပြီဗျို့ "

" ဟာ ... အိပ်နေတယ်ထင်လို့ ! "

မောင်က လှဲနေရာက ထိုင်လိုက်ပြီး -

" ဒီလိုမျိုး နှစ်ယောက်ထဲ အချိန်ပေးချင်ပေမယ့် အခု
မှပဲ ရတော့တယ် ။ မောင် အစောကြီးထဲက ဒီလိုမျိုး
လုပ်ပေးချင်တာပါ "

" ဘာလို့ ဝန်ထုပ်ဝန်ပိုး တစ်ခုလို တွေးနေရတာလဲ ?
အဲ့လိုမလုပ်လည်းရပါတယ် ။ မောင့်ရဲ့စိတ်ကိုသိပါ
တယ် ။ အရင်က စိတ်ဒဏ်ရာတွေကြောင့် တစ်ခုခု
ဆို ထိခိုက်လွယ်တဲ့ ငါ့ကို ပျော်ရွှင်အောင်လုပ်ပေးဖို့
ကြိုးစားနေတာမလား "

နမ်ဂျွန်က ပါးချိုင့်တွေ ပေါ်အောင် ပြုံးသည် ။

" ကျေးဇူးတင်ပါတယ် ... အခုလို အများကြီး ပြုံး
လာနိုင်တဲ့ အကြောင်းအရင်းတစ်ခုတည်းသောက
လည်း မောင် ပါပဲ "

နမ်ဂျွန်က ဆော့ဂျင်မျက်နှာကို တည့်တည့်
ကြည့်ရင်း -

" ဘယ်တုန်းက ဒီလိုမျိုးပြောတတ်သွားတာလဲ ။
အမြဲတမ်း ဘုကလန့်တိုက်တဲ့ ဒေါသအိုးလေးကလေ "

" ဘာပြောတယ် ! "

ဆော့ဂျင်က မျက်စောင်းတစ်ချက်ထိုးတော့ နမ်ဂျွန်
က အူယားနေရပြန်သည် ။

Promise • Namjin || Completed ||Where stories live. Discover now