- 15 -

2.1K 297 10
                                    

Promise ( 15 )

Unicode

Jungkook ပြန်သွားတဲ့နောက် လုပ်လက်စတွေ
လက်စသတ်ဖို့ ဆေးရုံထဲပြန်လာခဲ့လိုက်သည်

ပုံမှန်ချိန်ဆို အလုပ်တွေရှုပ်ပြီး လမ်းလျှောက်ရင်တောင်
ခေါင်းငုံ့ထားမိတဲ့ ဆော့ဂျင်က အခုတော့ ဂျူတီကုတ်ထဲ
လက်ထည့်ထားရင်း ညောင်းညာနေတဲ့ ဇက်ကြောတွေ
ကို ခေါင်းတစ်ပတ်လည်ရင်း ဖြေလိုက်သည်

သူ  .....
သူ့ကိုမြင်တော့ ခြေလှမ်းတို့က တုံ့ခနဲရပ်သွားသည်
မြတ်နိုးရတဲ့ ပါးချိုင့်တို့က ရီလိုက်တော့ အထင်းသား

ဘယ်လောက်ကြာကြာထိငေးကြည့်နေမိသည်မသိ
သူ့ဘေးမှာရှိနေတဲ့သူတွေကိုတောင် သတိမထားမိခဲ့

နမ်ဂျွန်က ဆော့ဂျင်ဆီကို အကြည့်ရောက်လာသည်
အကြည့်ဆုံသွားတော့ ဆော့ဂျင်က မျက်နှာလွှဲပြီး အဲ့ဒီ
နေရာက လှစ်ခနဲ ထွက်လာခဲ့လိုက်သည်

" ခဏနေပါဦး "

ဆော့ဂျင်ရဲ့ လက်ကောက်ဝတ်က တစ်ခုခုရဲ့ဖမ်းဆွဲ
တာကို ခံစားလိုက်ရသည်
သဘောကျရတဲ့ ကောင်လေးက ရှေ့တည့်တည့်မှာ
ရောက်နေခဲ့သည်

" ခဏလေး "

" ဘာကိစ္စရှိလို့လဲ "

တကယ်တမ်းကျ ဆော့ဂျင်ကိုမြင်လို့သာ ကမမ်းကတန်း
လိုက်လာခဲ့သည် ဘာကိစ္စမှ မရှိတာတော့အမှန်
လက်ကောက်ဝတ်ပေါ်က လက်တွေကလဲ မဖြုတ်မိသေး

ဆော့ဂျင်က နမ်ဂျွန်ဆွဲထားတဲ့လက်တွေကို ငုံ့ကြည့်
လိုက်တော့ နမ်ဂျွန်က လက်ကို ဆတ်ခနဲဖြုတ်လိုက်သည်

" ဒီတိုင်း ခင်ဗျားကို တွေ့လိုက်လို့လေ "

Promise • Namjin || Completed ||Where stories live. Discover now