- 5 -

2.8K 356 17
                                    

Promise ( 5 )

Unicode

နောက်ဆုံးတော့ လက်ပေါက်ကပ်သော ဆရာဝန်နဲ့
အတူ ကားပေါ်ပါလာခဲ့ရသည်

" ရာသီဥတုက ဒီနေ့ကောင်းတယ်နော် "

တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကိုဖောက်ထွင်း၍
ပြောလိုက်သော်လည်း ထိုဆရာဝန်ကစကားပြန်မလာ

" အာ ... အင်ချွန်းကနေ ဒီကိုဘယ်လိုပြောင်းဖြစ်သွား
တာလဲ "

ကားကိုသာ ဦးစိုက်မတ်တပ်မောင်းနေသော ထိုဆရာဝန်
မှာ စုံထောက်ကင်အဖို့ အမြင်ကပ်စရာ

ဆော့ဂျင် ခိုး၍ပြုံးသည်ကိုတော့ စုံထောက်ကင် ကမမြင်ခဲ့ပါ

အိုကေ ကောင်းပြီလေ သူတောင်မပြောတာ ငါလဲဘာ
လို့ပြောရမှာလဲ

နားကြပ်တပ်ကာ ကိုယ့်ဘာသာသီချင်းနားထောင်
ရန်ပြင်လိုက်သည်
အဆိုးဆုံးကတော့ နားကြပ်ပါမလာတာ

သေစမ်း ငုတ်တုတ်ထိုင်ပြီး ဒီလူကားမောင်းတာ
ကို ထိုင်ကြည့်နေရတော့မှာလား

//

ထိုင်ကြည့်နေရတာပေါ့ ဒါဘယ်လိုအခြေအနေမျိုးလဲ ?
ကင်နမ်ဂျွန်ရေ မင်းကလေ တလွဲ

" ရောက်ပြီ ဒီလမ်းအတိုင်းသွား လေးအိမ်ကျော်က
အဲ့အဆောင်ပဲ "

စုံထောက်ကင် က အထုပ်တွေနောက်ခန်းကယူ၍
ထွက်သွားဖို့ပြင်သည်
ဆော့ဂျင်က အထုပ်တွေကူချပေးဖို့ ကားပေါ်ကဆင်း
ပေမယ့် စုံထောက်ကင် က ကိုယ့်ဘာသာ အထုပ်တွေကို
ယူသည်
ဘာတစ်ခွန်းမှလဲပြန်မပြောဘဲ ဆော့ဂျင်လမ်းတစ်လျှောက်
လုံးနေခဲ့သည်အတိုင်း ပြန်နေသည်

Promise • Namjin || Completed ||Where stories live. Discover now