- 35 -

1.1K 178 19
                                    

Promise ( 35 )

Unicode

ဆော့ဂျင် လက်တွေက နမ်ဂျွန့်ပုခုံးပေါ်က
ဖြည်းဖြည်းချင်း လျှောချသွားသည် ။

တံခါးကို ဖွင့်ပြီး ပါမောက္ခဝင်လာသည့် နောက်တွင်
နောက်ကလည်း အားလုံး အတူတူ ပါလာကြသည် ။

ဆော့ဂျင်ကတော့ နမ်ဂျွန့် ကုတင်နဲ့ဝေးရာကို
နောက်ဆုတ်သွားရင်း ကျောပေးကာ ပြတင်းပေါက်
နားမှာ မတ်တပ်ရပ်နေလိုက်သည် ။

" မင်း ဒါဘယ်ရောက်နေလဲသိလား ? "

" ဆေးရုံ ? "

နမ်ဂျွန်ရဲ့ မရေရာမသေချာ ဖြေသံတွေက ဆော့ဂျင်
နှလုံးသားတွေ ကြေမွသလိုခံစားရသည် ။

" ဒီလူတွေကိုရောသိလား ? "

" ကျွန်တော် ... ကျွန်တော့်ခေါင်းထဲမှာရှုပ်ထွေး
နေတယ် ။ မှတ်မိတဲ့ဟာပဲမှတ်မိပြီး တစ်ချို့ကို
ကောင်းကောင်း မမှတ်မိဘူး ။ "

ပါမောက္ခကြီးနဲ့ ဂျီမင်းက တစ်ယောက်မျက်နှာ
တစ်ယောက် ကြည့်လိုက်ကြသည် ။

" မင်းနာမည်ရော ? "

" ကင် ... ကင် ... နမ် ? ကင်နမ်ဂျွန် ! "

" ဒီလူတွေကိုရော မင်းမမှတ်မိဘူးလား ? "

" ကျွန်တော် နည်းနည်း ... "

" ရပါတယ် မင်းသိသလောက်ပဲပြော ... "

" ယွန်းဂီ ? "

ယွန်းဂီနာမည်ကိုတော့ ထခေါ်တာကြောင့် အားလုံး
က လန့်သွားပြီး နမ်ဂျွန်ကို ကြည့်လိုက်ကြသည် ။
ဆော့ဂျင်လည်း နမ်ဂျွန့်ဘက်ကို မျှော်လင့်တကြီး
လှမ်းကြည့်လိုက်သည် ။

" ဟိုဆော့ ? "

ယွန်းဂီရော ဟိုဆော့ရောက အရမ်းဝမ်းသာသွား
ကြသည် ။

" အစ်ကို ကျွန်တော်တို့ကို မှတ်မိတယ် !!!! ဝမ်းသာ
လိုက်တာ ။ အစ်ကို တစ်ခြားဘာတွေမှတ်မိသေးလဲ
ဟင် စဥ်းစားကြည့်ပါဦး "

ဟိုဆော့က နမ်ဂျွန့်လက်ကို ဆုပ်ကိုင်လိုက်ရင်း
ပြောလိုက်သည် ။
နမ်ဂျွန်က ခေါင်းကို နည်းနည်းခါလိုက်ရင်း -

Promise • Namjin || Completed ||Where stories live. Discover now