- 8 -

2.6K 332 36
                                    

Promise ( 8 )

Unicode

အချစ်ဆိုတာ ဒီလိုမျိုးလား
မပိုင်ဆိုင်ရလည်း ငေးကြည့်နေရရုံတင် အဆင်ပြေတာ
မျိုးလေ .... 

ဂျွန် မင်းအားတင်းထားနော်
မင်းနိုးလာရင် ငါက ကောင်းကောင်းဆက်ဆံပေးမှာမို့

" အစ်ကို !! ဘာတွေစဉ်းစားနေတာလဲ "

ဂျောင်ကုအသံကြောင့် တွေးနေတာရပ်သွားသည်

" အာ ဘာမှမဟုတ်ပါဘူး ဒါနဲ့ မင်းကဘာလို့ ? "

" စီနီယာရဲ့ လုပ်ဖော်ကိုင်ဖက်တွေရောက်နေတယ်
ကျွန်တော်ဒီကိုခေါ်လာပေးတာ "

ဂျောင်ကုကို အကူအညီတောင်း၍ ခေါ်လိုက်ခြင်းပင်
မဟုတ်ရင် ဂျွန်ခုလိုဖြစ်တာနဲ့ပတ်သက်ပြီး သိတဲ့သူ
မရှိဘူးဖြစ်နေမှာစိုးလို့ ဂျွန်ကလည်း ဆိုးလ်မှာ တစ်
ယောက်တည်းခုလိုနေလိုမဖြစ်ဘူးမလား

                                      //

" ကျွန်တော်တို့လည်း နောက်ကျမှသိရလို့ စိတ်မကောင်း
ပါဘူး စောစောအကြောင်းကြားခဲ့သင့်တာ "

နှစ်ယောက်ထဲက အသားဖြူဖြူနဲ့ ရာထူးနည်းနည်းကြီး
မည်ထင်ရသူကပြောသည်

" အာ ဟုတ် !! ကျွန်တော်တို့လည်း ဆက်သွယ်ချင်ပါ
တယ် ကာယကံရှင်က မသိစေချင် ...  "

" သိတယ် သိတယ် အစ်ကိုကအဲ့လိုပဲ အမြဲ သိုဝှက်နေ
တယ် "

ဟိုဆော့က ရုတ်တရက်ဖြတ်ပြောတော့ ယွန်းဂီက
တံတောင်နဲ့တွတ်လိုက်သည်

" မင်း ငြိမ်ငြိမ်နေစမ်းပါ "

ယွန်းဂီက ဆော့ဂျင်ဆီသို့ စကားဆက်လိုက်သည်

Promise • Namjin || Completed ||Where stories live. Discover now