- 34 -

1.1K 179 19
                                    

Promise ( 34 )

Unicode

" အစ်ကို အဆင်ပြေရဲ့လား ? "

နမ်ဂျွန့် ကုတင်ဘေးမှာ မှေးလျက် အိပ်ပျော်နေတဲ့
ဆော့ဂျင်ကို ဂျီမင်းက ဝင်ဝင်လာချင်း တွေ့လိုက်တာ
ကြောင့် မေးလိုက်ခြင်းဖြစ်သည် ။

" အမ် ... အင်း .. ခဏမှေးခနဲဖြစ်သွားတာ "

" အစ်ကို ဘာလို့ ဒီမှာလာစောင့်နေလဲ ? အိမ်ပြန်ရင်
လည်းပြန် ။ မဟုတ်လည်း ရုံးခန်းထဲ နားနေပါလား "

" အိမ်ပြန်တော့လည်း ငါတစ်ယောက်ထဲပါ ။ ဂျောင်
ကုလည်း ဒီရက်ပိုင်း အလုပ်များနေတယ် ။ ရုံးခန်းထဲ
နားဖို့က ငါနားနေတုန်း နမ်ဂျွန် နိုးလာမှာစိုးလို့ ... "

ဂျီမင်းက ဆော့ဂျင်ကို ကြည့်ရင်း သက်ပြင်းချ
မိသည် ။

" အစ်ကို ... ဟိုကိစ္စက ဘယ်လိုလုပ်မှာလဲ ? "

" ဘယ်ကိစ္စ ... အာ ... အင်ဆုန်းအာ လား "

ဂျီမင်းက ခေါင်းညိတ်ပြလိုက်သည် ။

" ဘာလုပ်ရမှာလဲ ? နမ်ဂျွန့်စကားကိုလည်း ငါတို့
နားထောင်ရမှာပေါ့ ။ "

" ဒါပေမဲ့ .... တကယ်လို့များ အဲ့ဒါအမှန်ဆိုရင် ... "

" မင်းစိတ်ပူနေတာကို သိပါတယ် ။ ငါ အရင်လို
မပျော့တော့ပါဘူး ။ အဖြေက ဘာပဲဖြစ်ဖြစ် ခံ
နိုင်ရည်ရှိတယ် ။ ဒါတွေပြောရင် နမ်ဂျွန့်ကို မယုံ
သလို ဖြစ်နေမယ် ။ ဒါပေမဲ့လည်း ငါတကယ်အဆင်
ပြေပါတယ် "

" အင်းပါ ... ဒါဆို အစ်ကို ဒီမှာပဲနေမှာမလား ။ ကျွန်
တော် ပြန်တော့မယ် "

" အေး သေချာသွား ... "

ဂျီမင်း ထွက်သွားတော့ ဆော့ဂျင်က အကြာကြီး
ငြိမ်သက်နေတဲ့ နမ်ဂျွန့်မျက်နှာလေးကိုပဲ ငေးကြည့်
လိုက်သည် ။

" မောင် ... မောင်နိုးလာခဲ့ရင် ပြောစရာတွေအများ
ကြီးရှိတယ် ။ အဲ့တာကြောင့် နိုးလာပေးမယ်မလား ။ "

ပြောရင်းနဲ့ပင် မကျချင်တဲ့ မျက်ရည်တွေက ကျလာ
ပြန်သည် ။

" ငါက ပျော်ရွှင်ရဖို့ မထိုက်တန်ခဲ့တာလား ။ ငါ့အ
တွက် ဘာလို့ ကံဆိုးခြင်းတွေပဲ ဆက်တိုက်လာနေ
ခဲ့တာလဲ ။ အဲ့တာကြောင့်မို့ ငါ့ရဲ့ တစ်ခုတည်းသော
ကံကောင်းခြင်းဖြစ်တဲ့ မောင်ကတော့ နိုးထပေးမှ
ဖြစ်မယ် ။ ကျေးဇူးပြုပြီး နမ်ဂျွန် ah ... "

Promise • Namjin || Completed ||Where stories live. Discover now