- 31 -

1.1K 170 20
                                    

Promise ( 31 )

Unicode

ဆော့ဂျင်က အရမ်းပင်ပန်းနေပြီး နံရံကိုကျောမှီကာ
ထိုင်နေသည် ။ မျက်လုံးတွေကလည်း ရဲပြီး ဖောင်း
အစ်နေသည် ။

​ဂျောင်ကုလည်း ဆော့ဂျင်နဲ့ခပ်လှမ်းလှမ်းမှာနေကာ
ထိုင်လည်းမနေနိုင်ဘဲ ဟိုဘက်ဒီဘက်အကြိမ်ပေါင်း
မရေနိုင်အောင် လျှောက်နေမိသည် ။
ဂျီမင်းကလည်း ဆော့ဂျင်နဲ့ ဝေးဝေးကို မသွားနိုင် ။
ဆော့ဂျင် တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေသည် ။

ဆော့ဂျင်က နံရံထောင့်တစ်နေရာကို ငေးကြည့်ရင်း
အတွေးနယ်လွန်နေပုံပေါ်သည် ။ ဦးနှောက်ထဲ ဗလာ
ကျင်းဖြစ်နေနိုင်သလို နမ်ဂျွန့်အကြောင်းတွေ တွေး
နေတာလည်း ဖြစ်နိုင်ပါသည် ။

ရင်တွေ ' ဒိန်း ' ခနဲ တုန်တက်သွားလောက်အောင်
အရေးပေါ်ခန်းရဲ့ တံခါးကပွင့်လာသည် ။
ဆော့ဂျင် ပြူးတူးပြာတာနဲ့ အမြန်ပြေးထလာသည် ။

" စီနီယာ ... ဘယ်လိုလဲဟင် ! အဆင်ပြေရဲ့လား "

ပါမောက္ခကြီးက ဆော့ဂျင်ပုခုံးကိုပုတ်ရင်း -

" အဆင်ပြေသွားပါပြီ ငါ့ကောင်ရာ ... "

ဂျောင်ကုရော ဂျီမင်းရော မျက်လုံးတို့ဝင်းလက်
လာသည် ။

" စီနီယာ တကယ်လား ... ? "

ဆော့ဂျင် ပြောနေရင်းပင်မျက်ရည်တွေကျနေသည် ။

" အရမ်းစိတ်ပူနေပုံပဲ ။ အဆင်ပြေသွားပါပြီ ။ ပြီး
ရင် မင်းငါနဲ့ ခဏစကားပြောရအောင် ငါ့အခန်းကို
လာခဲ့နော် "

" ဟုတ်ကဲ့ပါ စီနီယာ ... ဟုတ်ကဲ့ ကျေးဇူးတင်ပါ
တယ် ။ ကျေးဇူးတင်ပါတယ် အရမ်းကျေးဇူးတင်
ပါတယ် "

ဆော့ဂျင် ခါးကို ကိုးဆယ်ဒီဂရီထိ အကြိမ်ကြိမ်ဦး
ညွှတ်ရင်း ဘယ်လောက်တောင် ကျေးဇူးတင်နေမိ
လဲ မသိတော့ဘူး ။

" တော်သေးတာပေါ့ အစ်ကို ... တော်သေးတယ် "

ဂျောင်ကုက ဆော့ဂျင်လက်တွေကို လာကိုင်ရင်း
ပြောလိုက်သည် ။
ဂျီမင်းက ဂျောင်ကုပုခုံးကို ပုတ်လိုက်ရင်း -

" မင်းစီနီယာက တော်တော်ကြံ့ခိုင်တဲ့သူပဲ ။ ငါထင်
ပါတယ် အဆင်ပြေသွားမှာပါလို့ ။ အစ်ကိုလည်း ပင်
ပန်းနေပြီ ။ ပါမောက္ခအခန်းထဲသွားပြီးရင် နားတော့
နော် "

Promise • Namjin || Completed ||Where stories live. Discover now