- 12 -

2.1K 299 19
                                    

Promise ( 12 )

Unicode

" ဘာဖြစ်တယ် ? "

ထိုအမျိုးသမီးက ခပ်တည်တည်ပင်
ဓာတ်လှေကားထဲဝင်လာပြီး သူသွားမယ့် အလွှာ
ဆယ်ထပ်ကိုနှိပ်လိုက်သည်
ထို့နောက် ဓာတ်လှေကားက တဖြည်းဖြည်းပြန်ပိတ်
သွားသည်

ဓာတ်လှေကားထဲမှာ ကင်ဆော့ဂျင်နဲ့ထိုအမျိုးသမီးနဲ့
နှစ်ယောက်ထဲ

" ရှင်က ဒီဆေးရုံမှာ ကြာပြီလား "

" ဘာလို့လဲ "

" ကျွန်မရှင့်ကို တစ်ခါမှ မမြင်မိလို့လေ "

" ဟုတ်မှာပါ "

ဆော့ဂျင်ရဲ့ တိတိကျကျ ပြတ်ပြတ်သားသားဖြေသံက
ဓာတ်လှေကားထဲ ရှင်းရှင်းလင်းလင်းကြားနေရသည်

" ကျွန်မကိုသိလား "

" မသိပါဘူး "

ထိုအမျိုးသမီးငယ်က အလွန် မျက်နှာပျက်သွားသည်
ထင်ထားတာထက် ဆော့ဂျင်က ပိုလျစ်လျူရှုနေသည်
မဟုတ်လား

" တကယ်လား "

" လိမ်နေတယ်လို့ထင်နေတာလား "

" ကောင်းပြီလေ ကျွန်မ အင်ဆုန်းအာပါ "

" ကောင်းပါပြီ "

ဆော့ဂျင်က သူမရဲ့ မျက်နှာကိုလည်း လှည့်မကြည့်
တည်တည်ငြိမ်ငြိမ်ပဲ ဖြေနေသည်

*Dong*

ရှစ်လွှာ သို့ရောက်တော့ ဓာတ်လှေကားတံခါးဖွင့်
လာတာနဲ့ အမျှ ဆော့ဂျင် ဓာတ်လှေကားထဲက ထွက်
လာခဲ့သည်

နှုတ်ဆက်ခြင်း တစ်စက်တောင်မပြုခဲ့
ထိုအမျိုးသမီးမှာ ဓာတ်လှေကားထဲ ဒီတိုင်းကျန်ရစ်
နေခဲ့သည်

Promise • Namjin || Completed ||Where stories live. Discover now