- 4 -

2.7K 362 22
                                    

Promise ( 4 )

Unicode

"အစ်ကို အားမနာနဲ့ သိလား ကိုယ့်အိမ်လိုပဲ
သဘောထား ဒီအိမ်မှာ အစ်ကိုအားနာစရာ ဘယ်သူ
မှမရှိဘူး "

ကိုယ်ကတော့ တကယ်အားနာမိသည်
အထုပ်တွေလည်း ကူဆွဲပေးသည့်အပြင် နေစရာ
လည်းပေးသည် အိမ်ကလည်း ဆင်းရဲတဲ့လူတန်းစား
နေသည့်အိမ်မဟုတ်

ကင်နမ်ဂျွန် တွဲဖက်က ဒီလိုအိမ်ကြီးမှာနေတာတဲ့လား
ခေါက်ဆွဲပြုတ်နဲ့ လကုန်ခါနီးရင်ညားနေရတဲ့ ကင်နမ်ဂျွန်
ရေ လဲသေလိုက်တော့ !!

" အစ်ကို လာလေ !! ဘာတွေတွေးနေတာလဲ ? "

" အော် အေး "

ဂျောင်ကုက အထုပ်တွေကူချပေးရင်း -

" လာ အစ်ကို !! ဒီမှာထိုင် အအေးသောက်မလား
အပူသောက်မလား ကျွန်တော် လုပ်ပေးမယ် "

" နေပါစေကွာ "

" ကဲ အိပ်ခံနီးဆိုတော့ အအေးပဲသောက်လိုက်တော့
ခဏပဲစောင့် "

မီးဖိုခန်းထဲဝင်သွားသော ဂျောင်ကုကိုကြည့်ရင်း
မထင်ရင်မထင်သလိုနှိပ်ကွတ်တတ်သော တွဲဖက်မင်
ကိုတောင်သတိရမိသည်

" ဟိုကကောင်တွေဆို ငါ့ချည်းဖဲ့နေတာ ဒီမှာတော့
လေးစားခံရသား ဒါလဲဘယ်လောက်ခံမယ်မသိ "

တစ်ယောက်တည်း အူကြောင်ကြောင် ထိုင်မနေချင်တာ
နဲ့ ဧည့်ခန်းရှိ တင်ထားသော အလှပစ္စည်းများ ဓာတ်ပုံများ
ကို လိုက်ကြည့်နေမိသည်

ထိုစဥ် မိသားစုဓာတ်ပုံလေးတစ်ခု
ထိုဓာတ်ပုံလေးကို စိတ်ဝင်တစားကိုင်ကြည့်တော့ -

Promise • Namjin || Completed ||Where stories live. Discover now