- 30 -

1.2K 185 14
                                    

Promise ( 30 )

Unicode

အစ်ကို ... ။ အစ်ကိုသာ သိရင် ဘယ်လောက်များ
တုန်လှုပ်သွားမလဲ ။
​အစ်ကို မသိအောင် မောင် ဘာတစ်ခုမှ မလုပ်ချင်ပါ
ဘူး ဒါပေမဲ့ .... ။

" မင်း ပြင်ဆင်ပြီးပြီလား ? "

ပုခုံးကို လာပုတ်တဲ့ အဖေဖြစ်သူကြောင့် အတွေးတို့
ပျက်ပြယ်သွားသည် ။

" ဟုတ်ကဲ့ ... ဒါနဲ့ အဖေ ... "

" အင်း ? "

" ကျွန်တော် ပြောထားသလို တစ်ခါပဲနော် ။ "

ဖခင်ဖြစ်သူက မသိချင်ယောင်ဆောင်ကာ လှည့်
ထွက်သွားသည် ။

ဘယ်လိုပဲဆိုဆို နမ်ဂျွန့်အတွက်တော့ ဒီတစ်ကြိမ်ပဲ
တွေ့လိုက်ပြီးရင် တာဝန်ကျေပြီမို့ ဆော့ဂျင်မသိဘဲ
ကောင်းကောင်းပြီးသွားဖို့လိုသည် ။

တစ်ဖက်က တွေ့ဆုံရမည့် အမည်မသိအမျိုးသမီးက
အထက်တန်းလွှာက ချမ်းသာသူဟုသိရသောကြောင့်
ဝတ်စားတာကအစ အထက်တန်းကျကျပြင်ဆင်ရသည် ။
ဆော့ဂျင် နဲ့သာဆိုရင် ချွေးတွေစိုရွှဲနေတဲ့ အင်္ကျီအပါး
နဲ့ သွားတွေ့ရင်တောင် ပွေ့ဖက်ပေးတဲ့သူဖြစ်တာကို
သတိရသည် ။

                                     //

ဆော့ဂျင်က နာရီကို ဆက်တိုက်ဆက်တိုက် မော့
ကြည့်နေသည် ။ အကြောင်းရင်းကတော့ နမ်ဂျွန်
Break Time ရတဲ့ အချိန်အမီ အရောက်သွားတွေ့
ချင်တာကြောင့်ပင် ။

ဒီမှာကလည်း အလုပ်ကိစ္စကမပြတ်သေး ။
နောက်ဆုံးတော့ အလုပ်ကိုပစ်ထားပြီး ဆော့ဂျင်
ဘေးနားရှိ ကုတ်ကိုဆွဲယူကာ ထွက်လာခဲ့လိုက်သည် ။

" အမလေး ... !!!! "

တံခါးကအထွက် ပတ်ဂျီမင်းနဲ့ ဝင်တိုက်တော့သည် ။

" ဆောရီး "

ဆော့ဂျင်က ပြီးစလွယ်ပြောရင်း ပြေးထွက်သွားသည် ။

" ဘာလဲ ? ဒီအစ်ကို ဘာတွေအလျင်လိုနေ ... အာ !!
ဟိုတစ်ယောက်ကို သွားတွေ့မလို့ထင်တယ် ။ သူ့အခန်း
ထဲက ပစ္စည်းတစ်ခု ဝင်ယူမယ်ဆိုတာတောင် မပြော
လိုက်ရဘူး "

Promise • Namjin || Completed ||Where stories live. Discover now