- 20 -

1.8K 272 22
                                    

Promise ( 20 )

Unicode

" မဟုတ်ဘူး ။ မဟုတ်ဘူး အမေ အမေ !!!
ကျွန်တော် မလိမ်ပါဘူး !!!!! "

ပါးစပ်က ဝူးတူးဝါးတားရေရွတ်ရင်း အိပ်ရာက
လန့်နိုးပြီး ထထိုင်မိလိုက်သည် ။

" အာ ... ထပ်ပြီးအိပ်မက်မက်နေတာပဲ ။ "

ဆော့ဂျင် ဆံပင်တွေကို ထိုးဖွလိုက်ပြီး ဘေးက
နာရီကို ယူကြည့်လိုက်သည် ။

" အာ ... ရှစ်နာရီတောင်ထိုးပြီ ! "

​ထိုင်နေလို့မရတာကြောင့် အိပ်ရာပေါ်က အမြန်ခုန်
ထွက်လိုက်ပြီး ဆေးရုံသွားဖို့ ပြင်ဆင်လိုက်သည် ။
အပြင်ထွက်လာတော့ ဂျောင်ကုက အိမ်ထဲမှာ ရှိနေ
တော့ပုံမရ ။

" ဂျောင်ကုရေ !!? "

ဧည့်ခန်းကစားပွဲပေါ်မှာ တင်ထားတဲ့ စာခေါက်လေး
ကို တွေ့လိုက်တော့ ဆော့ဂျင်အနားသွားပြီး ဖတ်
ကြည့်လိုက်သည် ။

*အစ်ကို ! ကိစ္စရှိလို့ စောစောထွက်သွားပြီနော် ။ စိတ်
ပူမနေနဲ့*

" ဘာလဲ ? ကိုယ့်ဘာသာ တစ်ယောက်ထဲ စောစော
စီးစီးထပြီး သွားလို့ပါလား ? "

ကိုယ်ကသာ မျက်လုံးထဲမှာ ကလေးလို့မြင်နေတာ ။
တကယ်က သူက အတော်အရွယ်ရောက်နှင့်နေပြီလေ ။

                                    //

ဆော့ဂျင်က ခပ်သုတ်သုတ်လျှောက်လာပြီး ကိုယ့်
ရုံးခန်းထဲကို ဝင်သွားသည် ။ ဂျီမင်းက အဝေးကနေ
မြင်လိုက်တာကြောင့် ဆော့ဂျင်နောက်ကို လိုက်လာ
ရင်း ရုံးခန်းထဲထိဝင်လာသည် ။

" အစ်ကို ! ဒီနေ့နောက်ကျတာလား "

ဆော့ဂျင်က အပေါ်ထပ်ကိုချွတ်ရင်း ဂျူတီကုတ်
ကို လဲဝတ်လိုက်သည် ။

" အေး ! ညက ဂျောင်ကုမွေးနေ့ကြောင့် နောက်ကျ
သွားတော့ အိပ်ရာထတာပါ နောက်ကျသွားတယ် "

" အဲ့တာ ဖြည်းဖြည်းလာလဲရပါတယ် ။ အရေးကြီး
တာမရှိတာကို "

" အချိန်တိကျရမယ်လေ ဂျီမင်းရဲ့ ! "

ပြောလို့ကိုမနိုင်တဲ့ လူ့ဂွစာကြီးပါပဲ ။

" ဒါနဲ့ အစ်ကို့ကို ပြောမလို့ ဟိုသတင်းကြား
ပြီးပြီလား ? "

Promise • Namjin || Completed ||Where stories live. Discover now