- 6 -

2.6K 321 18
                                    

Promise ( 6 )

Unicode

" ကျွန်တော် ဒီမှာ !! "

တကယ်ကို သူ ရပ်စောင့်နေခဲ့သည်

" ဒါမျိုးကျ နည်းနည်းလေးတောင်နောက်မကျဘူးပဲ "

" နောက်ကျရင် ငတ်သွားမှာပေါ့ !! ဟဟ .... ခင်ဗျား
သွားချင်တဲ့ဆိုင်သာသွား ကျွန်တော်က ဒီနေ့စား
ရမယ့်လူ "

" ကျစ် !! "

စားရမယ့်ဆိုတော့ ရုပ်က စပ်ဖြီးဖြီးနဲ့

//

ဆော့ဂျင်နဲ့ နမ်ဂျွန်တို့ စားသောက်ဆိုင်တွင်နေရာယူ
ပြီးနောက် ဆော့ဂျင်က ဘာကောင်းတယ် ဘာစားဟု
ပြော၍ သူ့ဘာသာမှာလိုက်သည်

" အယ် ကျွန်တော်တောင်မမှာလိုက်ရပါလား "

" ဒီဆိုင်မှာအရင်စားဖူးတာက ဘယ်သူလဲ ? စားကောင်း
တဲ့ဟာမှာပေးထားတာကို "

" အာ ဒါဆိုလဲ ဟုတ်ပါပြီ.... "

ဒီဆရာဝန်ကို စုံထောက်တစ်ယောက်က ကြောက်နေ
ရသည် ရီစရာကောင်းပေမယ့် စကားနည်းရန်ဆဲပေါ့လေ
ထို့နောက် စုံထောက်ကင် သတိထားမိသည်မှာ ဆော့ဂျင်
မျက်နှာက သာမန်ထက်ဝင်းလက်နေသည်

သူက ပြုံးလို့ရွှင်လို့ပါလား

စားစရာတွေလာချတော့ ဆော့ဂျင်က ပို၍ပြုံးလာသည်
စုံထောက်ကင် က တောက်လျှောက် ဆော့ဂျင်ကိုသာ
စိုက်ကြည့်နေမိသည်

ဆော့ဂျင်က ခဏကြားတော့ သတိထားမိသွားပြီး -

" ဘာလဲ ? ဘာကြည့်တာလဲ "

" ဘာတွေဒီလောက်သဘောကျနေရတာလဲ ? ကျွန်တော်
နဲ့တူတူစားရမှာမို့လား "

Promise • Namjin || Completed ||Where stories live. Discover now