- 19 -

2.2K 295 32
                                    

Promise ( 19 )

Unicode

ခွဲစိတ်ခန်းထဲက ထွက်ထွက်လာပြီးချင်း လက်ဆေး
လိုက်ရင်း သက်ပြင်းလည်း အကြိမ်ကြိမ်ချမိသည် ။

" အစ်ကို ! ဘာတွေသက်ပြင်းချနေတာလဲ "

" ဂျီမင်း ? "

" ခွဲစိတ်မှုအဆင်ပြေတယ်မလား "

" ပြေပါတယ် "

" ဒါများ ဘာတွေ သက်ပြင်းချနေတာလဲဗျ ? "

" မင်းလဲသိပါတယ် ။ ဘယ်လိုခွဲစိတ်မှုမဆို စိတ်ပင်
ပန်းရတာ ။ "

ဆော့ဂျင်က ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ လူနာကို
မေးငေါ့ပြရင်း -

" ငါတော်တော်လေး အားစိုက်လိုက်ရတယ် "

" သိတာပေါ့ အခုလဲ အစ်ကိုလုပ်နေကြအလုပ်ပဲ
မလား ။ အသက်လုရတယ်ဆိုပေမယ့် အစ်ကို ဒါကို
ကျွမ်းကျင်ပြီးသားမလား ။ ဒါပေမဲ့လည်း အစ်ကို့ကို
ကြည့်ရတာ လိုတာထက်ပိုပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေ
သလိုပဲ "

မှန်ပါသည် ။ တစ်ခုခုဆို အဆုံးထိ တွေးပူတတ်တဲ့
စိတ်ကလည်း ဆော့ဂျင်ကို ဒုက္ခပေးသည် ။
ငယ်ငယ်က စိတ်ဒဏ်ရာတွေက ဒီလိုနေရာတွေမှာ
​Side Effects လာဖြစ်နေခဲ့သည် ။

" မင်းလဲငါ့အကြောင်းသိပါတယ် "

" သိပါတယ် ! တစ်ခုခုဆို အရမ်းကြီး စိတ်မပူနေပါ
နဲ့ အစ်ကိုပဲ ပင်ပန်းရတာမလား ။ ကျွန်တော်က အစ်
ကို့ကို လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေတတ်
တဲ့လူငယ်တစ်ယောက်အဖြစ်မြင်ချင်တာ "

" ငါလဲ ဖြစ်ချင်ပါတယ် ... ငါ့စိတ်ကိုက .... "

" ဂျီမင်းရေ ဒီကိုခဏ ... "

ပါမောက္ခရဲ့ခေါ်သံကြောင့် ဂျီမင်း လက်ပြရင်း
အမြန်ပြေးထွက်သွားသည် ။

ဆေးရုံမှာလည်း လုပ်ဖော်ကိုင်ဖက်ရင်းရင်းနှီးနှီးပြ
ဆိုရင် ဂျီမင်းတစ်ယောက်ပဲရှိသည် ။
လူတွေနဲ့ ဝေးရာကို ကိုယ့်ဘာသာပဲ သီးသန့်နေနေ
ခဲ့လို့လားတော့မသိ ။ ဘယ်သူမှကလည်း ဆော့ဂျင်
နဲ့ လာမပေါင်းသင်းခဲ့ ။
နမ်ဂျွန်ပြောခဲ့ဖူးသလို ဘုကလန့်ကြီးဖြစ်တာလည်း
ပါသည် ။

Promise • Namjin || Completed ||Where stories live. Discover now