- 29 -

1.7K 241 4
                                    

Promise ( 29 )

Unicode

​ထွက်သွားသော ဆော့ဂျင်ကို ကြည့်ရင်း နမ်ဂျွန်
ဘာမှ မတွေးမိဘဲ လိုက်သွားသည် ။

ဆော့ဂျင် လက်ကို ဖမ်းဆွဲလိုက်ပြီးတားလိုက်သည် ။

" အစ်ကို ! ဘာလို့ရုတ်တရက်ကြီး ထွက်ပြေးသွား
ရတာလဲ ? "

ဆော့ဂျင်က တုန်လှုပ်နေပုံပေါ်သည် ။

" အစ်ကို ... ဘာတွေဖြစ်နေတာလဲ "

" ငါ သူ့မျက်နှာကို မမြင်ချင်ဘူး ။ "

" နှစ်ယောက်သား ဆက်ဆံရေးက မကောင်းဘူး
လား ။ ဘာတွေဖြစ်နေတာလဲ အစ်ကို "

" နမ်ဂျွန် ah .... သူကမင်းကိုငါ့အနားက ဆွဲထုတ်
သွားမှာ မင်းသိလား !!!!! ငါ ကြောက်တယ် ။ နမ်ဂျွန်
ငါ ကြောက်တယ် "

ကယောင်ကတမ်း ရေရွတ်နေတဲ့ ဆော့ဂျင်ရဲ့ ပုခုံး
နှစ်ဖက်ကို နမ်ဂျွန်က ရမ်းခါရင်း ဆုပ်ကိုင်လိုက်သည် ။

" အစ်ကို ! မောင့်ကို ကြည့်ပါဦး ... "

နမ်ဂျွန်က ဆော့ဂျင် မျက်လုံးတည့်တည့်ကို ကြည့်
ရင်း ပြောလိုက်သည် ။

" အစ်ကို မောင့်ကိုကြည့် ။ "

ဆော့ဂျင် အသက်ကို ဖြည်းဖြည်းချင်းရှူရင်း နမ်ဂျွန့်
ကို ကြည့်သည် ။

" အစ်ကို့ကို ဘယ်တော့မှ ထားမသွားဘူး ။ ကတိပေး
တယ် ။ ဘယ်သူ့ကြောင့်မှ ဘာအကြောင်းကြောင့်မှ
မောင် က အစ်ကို့နားက ထွက်မသွားစေရဘူး ။ မောင့်
ကို ယုံတယ်မလား "

ဆော့ဂျင်က ခေါင်းကို အထပ်ထပ်ညိတ်သည် ။

" အစ်ကိုရယ် ... "

ဆော့ဂျင်ကို ရင်ခွင်ထဲထည့်ပြီး ထွေးပွေ့ထား
လိုက်သည် ။

ဘယ်လောက်တောင် စိတ်ဒဏ်ရာများပြီး မွန်းကျပ်
နေလိုက်မလဲ ။

                                      //

ဟိုဆော့ရော ယွန်းဂီရော ထိုအမျိုးသမီးနဲ့ တစ်ဝိုင်း
တည်းထိုင်ရင်း ငူငူငိုင်ငိုင်ဖြစ်နေကြသည် ။

" အစ်ကို ... စုံထောက်ကင်တို့ ဘာဖြစ်ကြတာလဲ
မသိဘူး ။ ဒီမှာ ဧည့်သည်ကိုထားပြီးတော့ ... "

Promise • Namjin || Completed ||Where stories live. Discover now