- 26 -

1.6K 254 22
                                    

Promise ( 26 )

Unicode

" အစ်ကို ရုတ်တရက်ကြီး ဘာဖြစ်တာလဲ ? အားနာ
စရာကြီး သူများကို ... "

" အဲ့မိန်းမကို မင်းက အားနာနေတာလား ? "

တစ်ခါမှ မမြင်ဖူးတဲ့ ဆော့ဂျင်ရဲ့ ပုံစံကို နမ်ဂျွန်
ပထမဆုံး မြင်လိုက်ရတာကြောင့် လန့်သွားသည် ။

" အစ်ကို ? ဘာတွေဖြစ်နေတာလဲ ! အစ်ကို့ပုံစံက
​တစ်ခုခု ... "

" ငါ ဘာမှမဖြစ်ဘူး ။ ရှေ့လျှောက် အဲ့ဒီမိန်းမနဲ့
စကားလည်းမပြောပါနဲ့ ။ တွေ့လဲမတွေ့ပါနဲ့ ။ "

" အစ်ကို .... "

" မင်းဒီကိုလာလို့ သူနဲ့ တိုက်ဆိုင်ပြီး တွေ့နေမယ်ဆို
ရင် ငါ့ဆီမလာနဲ့ ငါကပဲ မင်းဆီလာခဲ့မယ် "

" အစ်ကို ! ဘာဖြစ်နေတာလဲ ? မဟုတ်မှလွဲရော
သဝန်တိုနေတာလား "

ဆော့ဂျင် ဒေါသတကြီး ပြောနေရာက ငြိမ်ကျသွား
သည် ။

" မဟုတ်ပါဘူး "

" ဘာကိုမဟုတ်တာလဲ ? ဟုတ်နေတာပဲ ။ "

" မဟုတ်ပါဘူးဆို "

သဝန်တိုတယ်လို့ကလည်း အထင်မခံချင် ။
စိတ်ကလည်းမချ ။

" ဟိဟိ ! ပျော်လိုက်တာ "

" ဟမ် ! ဘာကိုလဲ ? "

" ဟုတ်တယ်လေ အစ်ကိုသဝန်တိုတာခံရတော့
ပျော်တာပေါ့ "

" ဟင် အဲ့လိုမဟုတ်ပါဘူးဆို "

နမ်ဂျွန်က ဆော့ဂျင်ကို ဘာမှမပြောဘဲ တင်းတင်း
ကျပ်ကျပ်ဖက်ထားလိုက်သည် ။

" အမ် ... နမ်ဂျွန် ဘာလို့ ... "

" ဒီနှလုံးသားလေးကိုပစ်ပြီး ဘယ်ကိုသွားရမှာတုန်း
လို့ ။ ကျွန်တော့်မှာ ချစ်စရာကလည်း ဒီတစ်ယောက်
ပဲရှိတယ် ။ ၂၄ နာရီမှာ နောက်တစ်ရက်က အချိန်
တောင်ချေးပြီး လွမ်းနေရတာကို တစ်ခြားဘယ်သူ့
ကို ခေါင်းထဲထည့်ရမှာလဲ "

" မင်း တကယ် စုံထောက်ရော ဟုတ်ရဲ့လား ။ စာ
ရေးဆရာမဟုတ်ဘူးလား ။ စကားက တတ်လိုက်
တာ ။ "

" စကားတတ်တယ်ဆိုတာ အဲ့အချစ်ကသင်ပေးတာ
ပဲ ။ အချစ်ကဘာလဲမေးရင် ကင်ဆော့ဂျင်ပဲပေါ့ "

Promise • Namjin || Completed ||Where stories live. Discover now