- Final -

3.3K 312 47
                                    

Promise ( Final )

Unicode

ဆော့ဂျင်က လက်သန်းကြွယ်က လက်စွပ်ကို အကြာ
ကြီး စိုက်ကာ ငေးကြည့်မိနေသည် ။ ထို့နောက် လက်
က ဆွဲချွတ်လိုက်ကာ အမှိုက်ပုံးထဲကို ပစ်ဖို့ ရွယ်
လိုက်သည် ။

စိတ်က ဝေခွဲမရဘဲ ရွယ်ထားတဲ့ လက်တွေကို ပြန်
ရုတ်သိမ်းလိုက်မိသည် ။

" မဟုတ်ဘူး ... သူက လက်ထပ်တော့မှာ ငါက ဒါကို
ဘာလို့ ထပ်ဝတ်ထားရမှာလဲ ? ပစ်ရမှာပဲ .... "

အမှတ်တမဲ့ကနေ အမှတ်တရတွေ ဖြစ်သွားခဲ့တဲ့
မှတ်ဉာဏ်တွေက ဒီလက်စွပ်လေးမှာ အများကြီး
ရှိခဲ့သည်မလား ။

" နမ်ဂျွန် ! ဒီလက်စွပ်ကို ငါမင်းဆီက ရခဲ့တုန်းက
ဒါကို တစ်သက်လုံး ဝတ်ထားရမယ်လို့ ထင်ခဲ့တာ "

နောက်ဆုံးတော့ မျက်စိစုံမှိတ်ကာ အမှိုက်ပုံးထဲကို
ထည့်ပစ်လိုက်သည် ။ ပြီးတော့ လှည့်မကြည့်တော့
ဘဲ အမြန်ထွက်လာခဲ့သည် ။

ထို့နောက် လူတစ်ယောက်က အမှိုက်ပုံးထဲကို လှန်
လှောရှာဖွေရင်း အဲ့ဒီလက်စွပ်ကို ပြန်ကောက်သွား
ခဲ့တာကို ဆော့ဂျင်က မသိခဲ့ ။

                                       //

ဆော့ဂျင်ဆီကို ဂျီမင်းက ပြေးလာပြီး အမော
တကော ပြောရန်ပြင်နေသည် ။

" ဂျီမင်း ဘာဖြစ်လာတာလဲ ? "

" အစ်ကိုက ဘယ်ရောက်နေတာလဲ ? "

" အာ ... ငါ ပါမောက္ခနဲ့ စကားပြောနေလို့ ... ဘာလို့
လဲ ? "

" ဟို ... ဟို ... အစ်ကို့အခန်းထဲမှာ ရောက်နေတယ် "

ပြောရင်း ဂျီမင်းက ဟောဟဲလိုက်နေသည် ။

" ဘာရောက်တာတုန်း ... ဘယ်သူတုန်း ... "

ဆော့ဂျင်က ဂျီမင်းပုံစံကို ကြည့်ပြီး အခန်းဆီ ပြေး
သွားလိုက်သည် ။

မျှော်လင့်ချက် တစ်စုံတစ်ခုကလည်း ရင်ထဲမှာ
ကိန်းအောင်းနေသည် ။ တစ်စုံတစ်ယောက်ဖြစ်
ပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့ ။

အခန်းတံခါးကိုဖွင့်လိုက်တော့ ထင်သည့်အတိုင်း
ရင်းနှီးနေပြီးသား ကျောတစ်စုံကာ ဆော့ဂျင်ကို
ခိုင်းထားသည် ။

Promise • Namjin || Completed ||Where stories live. Discover now