- 38 -

1.4K 196 14
                                    

Promise ( 38 )

Unicode

" အစ်ကို ! "

ဂျောင်ကုက ဆော့ဂျင်နားကို ကပ်လာရင်း
ခေါ်လိုက်သည် ။

" အင်း ... မင်း ငါ့ကိုစိတ်ကောက်ပြေသွားပြီလား "

" ဘယ်မှာ ကောက်လို့လဲ ? ကျွန်တော် ကလေးမှ
မဟုတ်တာ စိတ်ကောက်စရာလား "

မသိတာကျနေရော ။ ဂျောင်ကုက ဒဲ့လိမ်နေသည် ။

" အေးပါ ဟုတ်ပါပြီ ။ မင်းက ကလေးမဟုတ်ပါဘူး ။
ဘာလဲ ? ဘာလိုချင်လို့လဲ ! "

" အဲ့လို မဟုတ်ဘူး ။ ပြောစရာရှိလို့ .... "

" အင်း ပြောလေ ... "

ဂျောင်ကုက မေးဖို့ကို မရဲမဝံ့ဖြစ်နေသည် ။

" ပြောလေ ဂျောင်ကု ! "

" အစ်ကို ! စီနီယာနဲ့ မဆက်သွယ်တော့ဘူးလားဟင် ။
ဒီလိုပဲ အဆုံးသတ်သွားတော့မှာလား ။ "

ဆော့ဂျင်လည်း ဂျောင်ကုကို ဘာပြန်ဖြေရမယ်
မသိဖြစ်သွားသည် ။

" ဂျောင်ကု ah ... အခု သူလဲ သူ့ဘဝနဲ့သူ အဆင်
ပြေနေပြီပဲမလား "

" အစ်ကို ... အဲ့နေ့က စီနီယာ့ အဖေက တစ်ခုခုပြော
လိုက်လို့မလား ။ အဲ့တာဘာလဲ ? ဘာလို့အစ်ကို့
ဆုံးဖြတ်ချက်တွေ ပြောင်းသွားရတာလဲ ? "

" ဂျောင်ကု ah ... အစ်ကို အဆင်ပြေပါတယ် ။ အခု
ဆို မင်းလည်း အရင်ကလို ငါအချိန်ပြည့် ကြည့်နေ
ရမယ့် ကလေးမဟုတ်တော့ဘူး ။ နောက်ဆို ငါလည်း
ဒီမှာဆက် ရှိနေပါ့မလားတောင် မသိဘူး "

" အဲ့တာ ဘာကိုပြောတာလဲ အစ်ကို ? ဘာလို့ အစ်
ကိုက ဒီမှာ မရှိရမှာလဲ ? "

" ငါတို့ ဆေးရုံက နိုင်ငံခြားသွားရဖို့ ခေါ်တဲ့ စာမေးပွဲ
ကို ငါဖြေကြည့်မလားလို့ ။ လုပ်မှတော့ အပြီးထိ
လုပ်ကြည့် ရမှာပေါ့ "

" အစ်ကို ? တကယ် စိတ်ပိုင်းဖြတ်လိုက်ပြီလား ။ "

" အခု ငါ နောက်ဆံတင်းစရာဘာကျန်တော့လို့လဲ ?
မင်းကလည်း ကလေးမဟုတ်တော့ဘူးလေ ကိုယ့်
ဘာသာ ရပ်တည်လို့အဆင်ပြေနေပြီပဲ ။ "

" အရင်ကတော့ ကလေးလို့ မပြောနဲ့ဆိုပြီး ပြောခဲ့
သမျှ အခုတော့ အဲ့စကားပြောချင်နေပြီ အစ်ကိုရ .. "

Promise • Namjin || Completed ||Where stories live. Discover now