- 36 -

1.1K 179 45
                                    

Promise ( 36 )

Unicode

နမ်ဂျွန်က ဒီတိုင်းကြီး ကြောင်ကာ အင်ဆုန်းအာ
ကို ကြည့်နေသည် ။

" ကျွန်မကို မသိတော့ဘူးလား "

ဆုန်းအာက အတင်း နမ်ဂျွန့် နားကပ်လာကာ လက်
ကို ထိလိုက်သည် ။

" ဟေး ... ခဏ ခဏ ခဏ နေပါဦး ။ ကျွန်တော်တို့
က တကယ်ပဲ မကြာခင် လက်ထပ်တော့မယ့်သူ
တွေလား "

နမ်ဂျွန်က တကယ်ကို တွေဝေနေသည် ။

" ရှင်က မမှတ်မိတော့ ကျွန်မလည်း ဘာပြောရမယ်
မသိတော့ဘူး ။ အဖေ လည်း ပြောထားတာပဲ ။ ရှင်
လုံးဝ မသိတော့ဘူးလား "

ဆုန်းအာက အတော်ကိုဝမ်းနည်း နေဟန်ပေါ်သည် ။

" ကျွန်တော် မမှတ်မိတာ အတွက်တော့ တောင်းပန်
ပါတယ် ။ တကယ်ကို ဘာမှ ထွက်မလာလို့ပါ ။ ကျွန်
တော်တို့ အတိုင်းအတာတစ်ခုထိ ရင်းနှီးခဲ့တာတော့
ကျွန်တော် မှတ်မိနေပါတယ် "

" ဒါဆို ကျွန်မတို့က မိတ်ဆွေသက်သက်ပဲလို့ ဆို
လိုလိုက်တာလား ။ နမ်ဂျွန်ရယ် ... ကျွန်မ တော်တော်
စိတ်မကောင်းဖြစ်မိတယ် "

" မဟုတ်ပါဘူး ... ကျွန်တော် တောင်းပန်ပါတယ် ။
ကျွန်တော် မှတ်မိအောင် ကြိုးစားနေပါတယ် ။ "

" ရပါတယ် ... ဒါပေမဲ့လည်း ကိုယ့်သတို့သမီးလောင်း
ကို မေ့သွားတာကတော့ ကျွန်မ တော်တော် စိတ်မ
ကောင်း ဖြစ်မိပါတယ် ။ အချိန်ယူရမယ်ဆိုတာ သိ
ပေမယ့်လည်း .... အဖေက သူနိုင်ငံခြားကို ပြန်မသွား
ခင် ဒီကိစ္စကို စီစဉ်သွားမယ်ဆိုတော့ နမ်ဂျွန်က ... "

" မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး ဘာမှမပူပါနဲ့ ။ ကျွန်
တော်က နှစ်ဖက်လုံး မျက်နှာပျက်ရအောင် မလုပ်
ပါဘူး "

နမ်ဂျွန်က ဘာမှ မသေချာမချင်းတော့ ဒီလိုပဲ
လိုက်လျောညီထွေစွာ နေနေရတော့မှာ ။

" ဟုတ် ရှင့်ကိုပဲ ယုံထားလိုက်ပါ့မယ် "

ဆုန်းအာက နမ်ဂျွန့်ရဲ့ အခန်းထဲက ထွက်သွား
လိုက်သည် ။

နမ်ဂျွန် ဘယ်လိုပဲ စဥ်းစား စဥ်းစား အင်ဆုန်းအာနဲ့က
မိတ်ဆွေထက်ပိုတဲ့ ရင်းနှီးမှုမျိုးရှိခဲ့တယ်လို့ မခံစားရ ။

Promise • Namjin || Completed ||Where stories live. Discover now