- 10 -

2.3K 309 9
                                    

Promise ( 10 )

Unicode

ဆော့ဂျင် ဆေးနံ့တွေလှိုင်လှိုင်ထရာ ဒီဆေးရုံကြီးထဲပဲ
ကိုယ့်အိမ်လို သဘောထားနေရသည် သွေးတွေ
အော်ဟစ်သံတွေကြားမှာလည်း ကောင်းကောင်း ထမင်း
စားတတ်နေပြီ
တစ်ချို့ရက်တွေမှာ ထမင်းဆိုတာ တစ်ပန်းကန်ကုန်အောင်
မစားခဲ့ရတဲ့နေ့တွေ ရှိသည်

ဆော့ဂျင် တကယ်ကို စိတ်ကုန်နေပြီ ဒီအလုပ်
ပတ်ဝန်းကျင် လူတွေ အရာအားလုံးကိုပေါ့ မျှော်လ
လင့်သမျှ ဖြစ်မလာတဲ့ အပြင် ချစ်တဲ့သူမှန်သမျှ ဝေးဝေး
ကို ထွက်သွားတာမို့လေ

နမ်ဂျွန်ရှိတဲ့ အခန်းဆီကို ဖြည်းဖြည်းချင်း လျှောက်
နေရင်း ခြေလှမ်းတွေက လေးလံနေသည်
မနက်ဖြန်ဆို နောက်ဆုံးရက် မဟုတ်ပါလား

" ကျွန်တော်က ဆေးရုံဆင်းလို့ရပြီဆိုတော့ အရင်တိုင်း
ပြန်နေလို့ရပြီပေါ့ "

သူ့ရဲ့ လူနာအဖြစ်လည်းကောင်း ချစ်ရတဲ့သူတစ်ဖြစ်
လည်းကောင်း အတူတူလိုက်ပျော်ပေးဖို့က ခက်ခဲ
နေသည်

" မင်းက မှတ်ဥာဏ်တစ်ချို့မေ့နေရုံပဲလေ အဲ့တော့
အားလုံး သာမန်လူအတိုင်း နေလို့ရပါတယ် "

လိုအပ်သည်များကို ဆော့ဂျင်က လုပ်ထုံးအတိုင်း
စမ်းသပ်နေသည်

" တော်သေးတာပေါ့ ဒီဆေးရုံပေါ်မှာပဲ အကြာကြီး
နေရတော့မယ် ထင်နေတာ "

နမ်ဂျွန်က ပြုံးရင် ခပ်သွက်သွက်ပြောလိုက်သည်

အင်း ငါကသာ မင်း မရှိတော့ရင် တကယ် ဟာတာတာ
ဖြစ်နေတော့မှာ

Promise • Namjin || Completed ||Where stories live. Discover now