15

1.2K 258 28
                                    

ZAWGYI

အအိပ်မက်တဲ့ချန်ယောလ်က တနင်္ဂနွေနေ့တွေဆို နေ့လယ်ခင်းအထိအိပ်လေ့ရှိတယ်။ ဒါပေမဲ့ ဘတ်ဟျွန်းတစ်ယောက် ဘုရားကျောင်းကို သွားတဲ့‌နေ့ကစပြီး ချန်ယောလ်ရဲ့တနင်္ဂနွေမနက်ခင်းတွေကို အိပ်ရာထဲမှာမဟုတ်ဘဲ ဘုရားကျောင်းမှာ ကုန်ဆုံးဖြစ်ခဲ့တယ်။

အရင်ဘ၀မှာလည်း ဘတ်ဟျွန်းက အထက်တန်းပထမနှစ်တက်ပြီးသိပ်မကြာခင်မှာ ဘုရားကျောင်းသွားဖြစ်ခဲ့တယ်ထင်တာပဲ။ အဲဒီအကြောင်းကို သူသေချာမမှတ်မိတော့ပေမဲ့ အဲဒီအချိန်တုန်းကတော့ သူက ဘတ်ဟျွန်းနဲ့အတူတူလိုက်မသွားဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ အခုတော့ ဘာသာမဲ့ဖြစ်တဲ့ချန်ယောလ်က ဘတ်ဟျွန်းနဲ့အတူတူ ဘုရားကျောင်းထဲ ရောက်နေခဲ့တယ်။

ဘုရားကျောင်းမှာ ချန်ယောလ်လုပ်ဖြစ်တဲ့အလုပ်ကတော့ ဘုရားဝတ်ပြုဆုတောင်းခြင်းမဟုတ်ဘဲ မျက်လုံးလေးမှိတ်၊ လက်ချောင်းတွေအချင်းချင်းယှက်ထားရင်း ဘုရားဝတ်ပြုနေတဲ့ဘတ်ဟျွန်းကိုခိုးကြည့်နေ‌မိခြင်းပဲဖြစ်တယ်။

ဒီနှစ်ပိုင်းတွေမှာ ပြောင်းလဲမှု‌တွေက ဘတ်ဟျွန်းဆီ ရောက်မလာခဲ့ပါဘူး။ ဘတ်ဟျွန်းက လွန်ခဲ့တဲ့(၇)နှစ်ကျော် သူတို့စတွေ့တဲ့အချိန်တုန်းကလို ချစ်ဖို့ကောင်း‌နေဆဲပဲ။ မျက်မှန်က ပိုထူလာပြီး အရပ်ကလေးနည်းနည်းပိုရှည်လာတာကလွဲရင် ဘတ်ဟျွန်းဆီမှာ နောက်ပိုင်းမှရှာတွေ့လာတဲ့အရာကတော့ အေးချမ်းမှုနဲ့ ရင့်ကျက်မှုဖြစ်တယ်။

'မင်းက ခရစ်ယာန်ဘာသာဝင်မှန်း ငါမသိခဲ့ရပါလား'

ဒါက ဘတ်ဟျွန်းက ဘုရားကျောင်းသွားတယ်လို့ စစချင်းသိရချိန်မှာ ချန်ယောလ်ပြောဖြစ်ခဲ့တဲ့စကားဖြစ်တယ်။

'ငါ့မိဘတွေလည်း ခရစ်ယာန်မဟုတ်ပါဘူး'

'ဒါဆို မင်းက ဘာလို့ဘုရားကျောင်းကို ရုတ်တရက် သွားရတာလဲ'

'တစ်စုံတစ်ခုကို သက်ဝင်ယုံကြည်နေတဲ့ခံစားချက်က ဘ၀ရဲ့အဓိပ္ပာယ်ကို နည်းနည်းလေး ပိုလေးနက်သွားစေမယ်ထင်လို့'

ဘတ်ဟျွန်းရဲ့အဖြေက အထက်တန်းကျောင်းသားတစ်ယောက်အတွက်ဆို နည်းနည်းလေး မေးခွန်းထုတ်ချင်စရာကောင်းမယ်။ ဒါပေမဲ့ အသက်ခုနစ်ဆယ်အရွယ်အထိ နေထိုင်ခဲ့ပြီးတဲ့ချန်ယောလ်ကတော့ အဖြေရဲ့နောက်ဆက်တွဲ အဓိပ္ပာယ်တွေကို တွေးတောနေမိပြီ။

Boyfriend,not Best friendWo Geschichten leben. Entdecke jetzt