28

1.1K 267 69
                                    

ZAWGYI

ချန်ယောလ်က ဆရာ့ဆီမှာ assignmentသွားထပ်ပြီး နောက်ကျသွားလို့ တောင်းပန်စကားပြောတယ်။ ပြီးတော့ အားကစားရုံဆီပြန်လာတယ်။ တာရိုဦးထားတဲ့‌နေရာမှာ သွားထိုင်ပြီး ပွဲစဖို့စောင့်တယ်။ ခဏအကြာမှာ ပြန်‌ရောက်လာတဲ့ဘတ်ဟျွန်းကို ပုံမှန်အတိုင်း စကားပြောတယ်။ ကွင်းထဲမှာ အသည်းအသန်ကြိုးစားဆော့ကစားနေတဲ့ ရူဘင်ကို အားပေးတယ်။

ကတ်ဆတ်မှာ သီချင်းတစ်ပုဒ်တည်းကိုပဲ ထပ်လဲလဲဖွင့်ထားသလိုမျိုး ခေါင်းထဲမှာ ရူဘင်ရဲ့စကားသံကို တောက်လျှောက်ကြားနေရပေမဲ့ ချန်ယောလ်က ပုံမှန်အတိုင်းလှုပ်ရှားသွားလာနေခဲ့တယ်။ ဘေးပတ်ဝန်းကျင်ကသူငယ်ချင်းတွေ သတိမထားမိသလို ဘေးမှာရှိနေတဲ့ ဘတ်ဟျွန်းကလည်း ချန်ယောလ်ရဲ့ဟန်ဆောင်မှုကို သတိမပြုမိဘူး။

'ပြိုင်ပွဲမှာ ငါတို့အသင်းနိုင်ခဲ့ရင် ငါနဲ့တွဲမလား'

လော့ခ်ကာထဲမှာ ဘတ်ဟျွန်းဓာတ်ပုံလေးကို တိတ်တခိုးသိမ်းထားခဲ့တဲ့ရူဘင်က တကယ်ပဲ ပြိုင်ပွဲမှာ အနိုင်ရအောင်ကြိုးစားခဲ့ပြီး ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တယ်။

ပြိုင်ပွဲပြီးသွားတဲ့အခါ ချန်ယောလ်တို့သူငယ်ချင်းတစ်စုက ဘတ်စကတ်ဘောအသင်းကို ဂုဏ်ပြုစကားသွားပြောကြတယ်။ ဘတ်ဟျွန်းလည်း ပါတာမို့ ချန်ယောလ်က မသိမသာလေးစိတ်လှုပ်ရှားနေတယ်။ ရူဘင်အတွက် ဘတ်ဟျွန်းရဲ့အဖြေက ဘာဖြစ်မလဲဆိုတာ သူ မတွေးချင်ဘူး။ မတွေးရဲတာဆိုရင် ပိုမှန်လိမ့်မယ်။

ရူဘင်က ဘတ်ဟျွန်းကို တွဲဖို့ပြောထားတယ်။ တကယ်လည်း ပြိုင်ပွဲမှာ နိုင်ခဲ့တယ်။ ဘတ်ဟျွန်းသာ ရူဘင်ကို လက်ခံလိုက်မယ်ဆိုရင်...။

"ချန်ယောလ်..ခဏနေရင် အပြင်ထွက်ပြီးအောင်ပွဲခံကြမလို့၊ မင်းလည်း လိုက်ခဲ့လေ"

အ‌ပျော်တွေနဲ့ ပြုံးနေတဲ့ရူဘင်က ချန်ယောလ်ကို ခေါ်တယ်။

"ကစားတဲ့အထဲမှာ ငါမှ မပါတာ၊ မင်းတို့ပဲ သွားကြပါ"

"မင်းလည်း ပါတာပေါ့ ချန်ယောလ်ရဲ့၊ ၀င်မကစားရပေမဲ့ မင်းက ဘတ်စကတ်ဘောအသင်းဝင်ပဲလေ"

Boyfriend,not Best friendDove le storie prendono vita. Scoprilo ora