ZAWGYI
တက္ကသိုလ်နောက်ဆုံးနှစ်ပြီးခါနီးမှာ ချန်ယောလ်တို့မိသားစုက ဆိုးလ်ကို ပြောင်းလာဖို့စီစဉ်နေကြတယ်။ စားသောက်ဆိုင်ကို ဆိုးလ်ရဲ့ နေရာကောင်းတစ်ခုမှာ ဖွင်ဖို့ဆုံးဖြတ်ခဲ့တာမို့ အိမ်ပါတစ်ခါတည်းပြောင်းလာကြခြင်းဖြစ်တယ်။
ဒါက ချန်ယောလ်ကြုံခဲ့ဖူးတဲ့ အရင်ဘ၀ကအတိုင်းပဲ။ အရင်ဘ၀နဲ့မတူတာကတော့ အိမ်ပြောင်းဖို့ကူညီပေးတဲ့ ဘတ်ဟျွန်းရှိနေခြင်းပဲ။
ဒီတစ်ပတ်ပိတ်ရက်မှာ ချန်ယောလ်က မိဘတွေအိမ်ပြောင်းတာကို ကူညီမှာမို့လို့ အဆောင်ပြန်မလာဖြစ်မယ့်အကြောင်း ဘတ်ဟျွန်းကို ပြောပြတော့ ဘတ်ဟျွန်းပါ ချန်ယောလ်နဲ့အတူလိုက်လာတယ်။ ဒီလိုအချိန်ဆို သူငယ်ချင်းအချင်းချင်းမို့ ကူညီပေးတယ်လို့ ဘတ်ဟျွန်းကသဘောထားပေမဲ့ ချန်ယောလ်မှာတော့ မိသားစုအချင်းချင်းဆက်စပ်နေတဲ့ ချစ်သူရည်းစားတွေလို့ အထင်ရောက်မိတယ်။
"ဘတ်ဟျွန်းနီးလည်း ပါလာတာပဲ၊ မလာလည်းရတာကိုကွယ်၊ ဒီမှာလည်း ရှင်းစရာသိပ်မရှိပါဘူး"
"မဟုတ်တာပဲ၊ ကူညီပေးရမှာပေါ့"
မတွေ့တာကြာတဲ့ ဘတ်ဟျွန်းနဲ့ ချန်ယောလ်ရဲ့မေမေက မီးဖိုချောင်ပစ္စည်းတွေရှင်းရင်း စကားလက်ဆုံကျနေတယ်။
ချန်ယောလ်ကတော့ အပေါ်ထပ်တက်လာခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်အခန်းထဲ ၀င်လာခဲ့တယ်။ သူ့အခန်းက ပစ္စည်းတွေနေရာမချရသေးတာမို့ သယ်လာတဲ့ပုံးတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်။
ချန်ယောလ်က ပုံးတွေကို တစ်ခုပြီးတစ်ခုဖွင့်လို့ ပစ္စည်းတွေရှင်းတယ်။
မေမေတို့က ပစ္စည်းတွေအကုန်သယ်ပြီးမှ လာရှင်းဖို့ပြောပေမဲ့ အကုန်မရောက်သေးခင်လာရှင်းတဲ့အကြောင်းအရင်းက သူ့ရဲ့ ဒိုင်ယာရီစာအုပ်တွေကို တွေ့သွားမှာစိုးလို့ဖြစ်တယ်။ ဟိုအိမ်မှာတော့ ခုတင်အောက်ထဲက ပုံးထဲထည့်ထားပေမဲ့ ဒီရောက်လို့ရှင်းတဲ့အခါ ဘာတွေလဲဆိုပြီးထုတ်ကြည့်မှ ပြဿနာတက်မယ့်အကြောင်းတွေ ချန်ယောလ်မဖြစ်စေချင်ခဲ့ဘူး။ ဒီလိုဆိုတော့ သူနဲ့ဘတ်ဟျွန်းကို မေမေတို့က လက်ခံပေးပါ့မလားဆိုတာလည်း ချန်ယောလ်အရင်ကမစဉ်းစားခဲ့ဖူးဘူး။
YOU ARE READING
Boyfriend,not Best friend
Fanfiction𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}