ZAWGYI
သေခြင်းတရားက လူသားတွေဆီကို တစ်နေ့မဟုတ် တစ်နေ့ရောက်လာလိမ့်မယ်။
သေမင်းက အနောက်ကနေ တကောက်ကောက်လိုက်နေလိမ့်မယ်။
လူသားတစ်ယောက်ဟာ သူ့ရဲ့နောက်ဆုံးအချိန်ကို သူကိုယ်တိုင်သိနေလိမ့်မယ်။အသက်ခုနစ်ဆယ်အရွယ် ချန်ယောလ်က မကြာခင်မှာ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားရတော့မယ်ဆိုတာ အတွင်းစိတ်ကနေ ခံစားမိတယ်။ နောက်ဆုံးအချိန်ကို မနှစ်မြို့စရာကောင်းတဲ့ ဆေးရုံအနံ့နဲ့ စိတ်ညစ်ညူးစရာ ဆေးပုလင်းတွေပဲရှိတဲ့ ဆေးရုံမှာ မကုန်ဆုံးချင်တဲ့ ချန်ယောလ်ဟာ သားသမီးတွေ၊ ဆရာဝန်တွေတားတဲ့ကြားကနေ အိမ်ကို ခေါင်းမာစွာ ပြန်လာခဲ့တယ်။
ဆေးရုံအနံ့နဲ့ ဆေးတွေက သူ့စိတ်ကို ပိုလို့နေမကောင်းဖြစ်စေပြီး နှစ်ပေါင်းသုံးဆယ်ကျော် နေထိုင်ခဲ့တဲ့ အိမ်ခန်းလေးကပဲ ချန်ယောလ်စိတ်ကို အေးချမ်းစေတယ်။
ကုတင်ဘေးက လှုပ်ကုလားထိုင်လေးမှာ ထိုင်ရင်း ပြတင်းပေါက်အပြင်ဘက်က ညကောင်းကင်ကို ကြည့်နေရတဲ့ ခံစားချက်ကို ချန်ယောလ်အကြိုက်ဆုံးပဲ။ ညကောင်းကင်က မည်းနက်တယ်။ အနက်ရောင်ကို မကောင်းတဲ့အရောင်လို့ လူတချို့က ထင်ကြတယ်။ ဒါပေမဲ့ ဖြူလွလွဆေးရုံအခန်းထက်စာရင် အနက်ရောင်ကောင်းကင်ကို ကြည့်ရင်းနဲ့ပဲ ချန်ယောလ်က သေဆုံးသွားချင်တယ်။
အခန်းတံခါးပွင့်လာသံက တိုးလျစွာနဲ့ အခန်းထဲ လှမ်းဝင်လာတဲ့ ခြေသံကလည်း ညင်ညင်သာသာ။
"အဖေ...ဆေးသောက်ရအောင်"
သမီးအငယ်ဆုံးလေးက သူ့အနားရောက်လာတယ်။ လက်ထဲမှာတော့ ရေခွက်နဲ့ ဆေးလုံး ငါးလုံးထည့်ထားတဲ့ ဆေးခွက်လေးကို ကိုင်ထားတယ်။
ချန်ယောလ်က ခါတိုင်းလို ဆေးသောက်ဖို့ မငြင်းဆန်ဘဲ ဆေးတွေကို မဆိုင်းမတွသောက်လိုက်တော့ သမီးအငယ်က မျက်လုံးအပြူးသားနဲ့။ ဒါပေမဲ့လည်း ကျေနပ်သွားတဲ့ပုံပါပဲ။
"အဖေ...စောစောအိပ်တော့နော်။ ဒီနေ့မှ ဆေးရုံက ဆင်းလာတာဆိုတော့ အားရှိမှဖြစ်မယ်။ မဟုတ်ရင် ကိုကြီးက အဖေ့ကို ဆေးရုံပြန်ပို့လိမ့်မယ်"
YOU ARE READING
Boyfriend,not Best friend
Fanfiction𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}