ZAWGYI
အလယ်တန်းပြီးသွားတဲ့ ကျောင်းပိတ်ရက်တွေကို ချန်ယောလ်က မေမေတို့နဲ့အတူတူ ဆိုင်မှာ ဝိုင်းကူလုပ်ရင်း ကုန်ဆုံးစေတယ်။ မိဘတွေအလုပ်သွားတဲ့အခါ အိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရတဲ့ဘတ်ဟျွန်းကလည်း ချန်ယောလ်တို့ဆိုင်မှာ ကူလုပ်ပေးတယ်။ ဘတ်ဟျွန်းက ပျင်းလို့အခကြေးငွေမယူဘဲလုပ်ပေးတယ်ဆိုပေမဲ့ ချန်ယောလ်မေမေကတော့ ချန်ယောလ်ကိုရော ဘတ်ဟျွန်းကိုပါ အချိန်ပိုင်းလုပ်ခအနေနဲ့ တစ်ပတ်တစ်ခါမုန့်ဖိုးပေးတယ်။
ဆိုင်မှာအလုပ်ကူလုပ်ပေးရင်းရလာတဲ့ ပိုက်ဆံလေးနဲ့ ချန်ယောလ်က ဂစ်တာတစ်လုံးဝယ်ခဲ့တယ်။ ပြီးတော့ အလုပ်နားတဲ့အချိန်တွေဆို ဂစ်တာတစ်လုံးနဲ့ တတီတီတတောင်တောင်ဆော့တယ်။
ဟုတ်ပါတယ်။ ချန်ယောလ်က ၀ယ်ထားတဲ့ ဂစ်တာကို မတီးဘဲနဲ့ ဆော့တာပါ။ ထပ်ရှင်းအောင် ပြောရရင် ချန်ယောလ်က ဂစ်တာမတီးတတ်ဘဲနဲ့ ဂစ်တာဝယ်ခဲ့တာပါ။ အရင်ဘ၀မှာတည်းက ဂစ်တာမတီးတတ်ခဲ့တဲ့ ချန်ယောလ်တစ်ယောက် ရှိစုမဲ့စုမုန့်ဖိုးလေးနဲ့ ဂစ်တာဝယ်ခဲ့တဲ့ရည်ရွယ်ချက်ကတော့ လာမယ့်အထက်တန်းနှစ်မှာ ဘတ်ဟျွန်းရဲ့ဂီတအသင်းထဲဝင်ဖို့ဖြစ်တယ်။
ဒါကြောင့် အားတဲ့အချိန်တွေဆို ချန်ယောလ်က အခြေခံဂစ်တာတီးနည်းစာအုပ်ကို ရှေ့ချပြီး ကြိုးစားပမ်းစားဂစ်တာအတီးကျင့်ပါတယ်။ ချန်ယောလ်က ဂစ်တာတစ်လုံးနဲ့အလုပ်ရှုပ်နေချိန်မှာ ဘတ်ဟျွန်းကတော့ ကြက်ဥတစ်လုံးနဲ့ အလုပ်များနေခဲ့တယ်။
ဟုတ်ပါတယ်။ ဘတ်ဟျွန်းကလည်း ကျောင်းပိတ်ရက်ကို ဟင်းချက်သင်ခြင်းနဲ့ အကျိုးရှိစွာအသုံးချနေပါတယ်။ ဘတ်ဟျွန်းကို ဟင်းချက်သင်ပေးတဲ့သူကတော့ တခြားသူမဟုတ်ပါဘူး၊ ချန်ယောလ်ပါပဲ။
ဒီရက်ပိုင်းတွေမှာ ချန်ယောလ်က ဘတ်ဟျွန်းကို ဟင်းချက်သင်ပေးဖြစ်တယ်။ ဒါပေမဲ့ ဟင်းချက်ခြင်းမှာ ပါရမီမပါတဲ့ဘတ်ဟျွန်းက ကြက်ဥကိုတူးအောင်ကြော်တာကလွဲလို့ ဘာမှမလုပ်တတ်ခဲ့ဘူး။ နောက်ဆုံးတော့ ဘတ်ဟျွန်းက ထမင်းအိုးတည်တတ်ခြင်း၊ ခေါက်ဆွဲပြုတ်တတ်ခြင်းတို့နဲ့ပဲ ကျေနပ်လိုက်ရပြီး ချန်ယောလ်ချက်ကျွေးတာကိုပဲ စားပါတော့တယ်။
ESTÁS LEYENDO
Boyfriend,not Best friend
Fanfic𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}