ZAWGYI
စာမေးပွဲက မျက်စိတစ်မှိတ်အတွင်းရောက်လာတဲ့ဆူနာမီလိုမျိုးပဲ။ အေးချမ်းတဲ့နေ့ရက်တွေကို ဗြောင်းဆန်အောင်မွှေနှောက်ပြီး ခပ်မြန်မြန်ပဲ ထွက်သွားတယ်။
စာမေးပွဲမဖြေခင်ညတွေမှာ ချန်ယောလ်တို့အခန်းကိုလာပြီး စာအတူကျက်တဲ့ ရူဘင်ကတော့ ဆူနာမီရဲ့အကြွင်းအကျန်လေးလိုမျိုးပဲ။ ရူဘင်က စာမေးပွဲပြီးသွားပေမဲ့ ကိုယ့်အခန်းကိုယ်မပြန်ဘဲ ချန်ယောလ်တို့ဆီ သောင်တင်နေတယ်။ အဲ့ဒါထက် ရူဘင်နဲ့ဘတ်ဟျွန်းရဲ့ တစ်ရက်ထက်တစ်ရက်ပိုလာတဲ့ ရင်းနှီးမှုက ချန်ယောလ်ရင်ထဲကို လေဆင်နှာမောင်းဝင်မွှေ့သွားသလို ခံစားရစေတယ်။ ချန်ယောလ်က စတင်ခဲ့တဲ့ရင်းနှီးမှုဆိုပေမဲ့ တာရိုပြောခဲ့သလိုမျိုးပဲ ပုံစံတူတဲ့သူငယ်ချင်းတွေက ပိုပြီးရင်းနှီးလွယ်တယ်ဆိုတဲ့စကားကို ချန်ယောလ်အခုမှလက်ခံမိတယ်။
ညဘက်အိပ်မပျော်ရင် ချန်ယောလ်က နဖူးပေါ်လက်တင်ပြီး စဉ်းစားခန်းဖွင့်တယ်။ အရင်ဘ၀မှာဘတ်ဟျွန်းရဲ့သူငယ်ချင်းတွေနဲ့ သူနည်းနည်းပါးပါးသိခဲ့ဖူးတယ်။ ဒါပေမဲ့ သိပ်မတွေ့ဖြစ်ခဲ့တာကြောင့် နာမည်ရော၊ ရုပ်ရော သူ သေချာမမှတ်မိတော့သလို သူသိခဲ့ဖူးတဲ့ ဘတ်ဟျွန်းရဲ့သူငယ်ချင်းတွေထဲမှာ တာရိုနဲ့ရူဘင်ပါသလားဆိုတာလည်း ချန်ယောလ်တွေးမရဘူး။
"စာမေးပွဲကတော့ ပြီးပြီ၊ ပြိုင်ပွဲပဲကျန်တော့တယ်"
စာမေးပွဲပြီးပြီးချင်းကျောင်းပိတ်ရက်မှာ ချန်ယောလ်တို့လေးယောက် အပြင်ထွက်ပြီးစားကြတယ်။
"ပြိုင်ပွဲက အဲ့လောက်ကြီးကြီးကျယ်ကျယ်ကြီးလုပ်တာလား"
ဘတ်ဟျွန်းက ကြက်ကြော်တုံးကို ကိုက်လိုက်လို့အောက်လျှောကျလာတဲ့ မျက်မှန်ကိုင်းကိုပင့်တင်ရင်း မေးတော့ တာရိုက မက်ဂျူခွက်ကို ကိုင်ရင်း ဟန်ပါပါပြန်ဖြေတယ်။
"စီနီယာတွေဆီက မကြားဘူးလား၊ တက္ကသိုလ်ရဲ့ပထမနှစ်ပြိုင်ပွဲမှာ ဆုရထားရင် နောက်နှစ်တွေမှာ မျက်နှာပွင့်နေရောပဲ၊ ရော့ ရော့ ဒါလေး နည်းနည်းစမ်းသောက်ကြည့်"
YOU ARE READING
Boyfriend,not Best friend
Fanfiction𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}