ZAWGYI
ချန်ယောလ်က အချိန်တွေကိုနောက်ပြန်ဆုတ်လို့ရရင် ပြိုင်ပွဲနေ့ကို ပြန်သွားချင်တယ်။ ပြီးတော့ စင်ပေါ်မှာ သီချင်းကိုအကောင်းဆုံးဆိုရင်း အလင်းလက်ဆုံးဖြစ်နေတဲ့ ဘတ်ဟျွန်းကို ဘယ်သူမှမမြင်အောင် ဖွက်ထားလိုက်ချင်တယ်။ ဒါပေမဲ့ အရာအားလုံးက အချိန်လွန်သွားခဲ့ပြီ။
"စင်ပေါ်က ကြယ်ပွင့်လေးက ဘယ်သူလဲ"
"နတ်သားလေးက သီချင်းလာဆိုနေတာလား"
"အသံရော၊ ရုပ်လေးရော ကြည့်ကောင်းတဲ့အဆင့်ထက် အများကြီးကျော်လွန်နေပြီ"
"ငါတို့နှစ်မှာ အဲ့လောက်ထိချောတဲ့သူရှိနေတာလား၊ အရင်က ဘာလို့မတွေ့ခဲ့တာလဲ"
"သီချင်းအဆိုကောင်းရုံတင်မဟုတ်ဘူး၊ နတ်သားလို အရောင်အဝါတွေထွက်နေသေးတယ်။ ပြီးပြည့်စုံတဲ့ကောင်လေးက ဘယ်သူများလဲ"
"ငါ့နှလုံးသားထဲကို နတ်သားလေးတစ်ယောက်ရောက်လာပြီး ထွက်ပြေးသွားလို့ ဘယ်သူလဲဆိုတာ ရှာပေးကြပါ"
ပြိုင်ပွဲပြီးကတည်းက ကျောင်းကမိန်းကလေးတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားနေတာက မျက်မှန်မပါတဲ့ဘတ်ဟျွန်းရဲ့ပုံရိပ်ဖြစ်တယ်။
ပွဲရဲ့လှုပ်ရှားမှုအသီးသီးကို မှတ်တမ်းတင်နေတဲ့ ဓာတ်ပုံဆရာကလည်း တစ်သက်လုံးစုဆောင်းလာတဲ့သူ့ရဲ့စွမ်းရည်အားလုံးကို ဘတ်ဟျွန်းရဲ့ဓာတ်ပုံမှာပဲ ထည့်သုံးလိုက်ပုံရတယ်။ စင်ပေါ်က မီးရောင်တွေအောက်မှာ မျက်စိကျိန်းလောက်တဲ့အရောင်အဝါတွေနဲ့ဘတ်ဟျွန်းရဲ့ဓာတ်ပုံက ချန်ယောလ်တင်မဟုတ်ဘဲ တခြားမိန်းကလေးတွေရဲ့နှလုံးသားကိုပါ ပြုစားသွားတာကို သူတော်တော်မကျေနပ်ဘူး။ သူတစ်ယောက်တည်းအတွက် ကြည့်ကောင်းနေရင်ရပြီလေ။ ဘာလို့တခြားသူတွေ အာရုံစိုက်လောက်တဲ့အထိဖြစ်သွားရတာလဲ။
ပြိုင်ပွဲမှာ ပထမရလိုက်ပေမဲ့ ဆုနဲ့အတူ ဘတ်ဟျွန်းနာမည်ကပါ တက္ကသိုလ်တစ်ခုလုံးမှာ ဟိုးလေးတကျော်ဖြစ်သွားရခြင်းရဲ့ တရားခံကတော့ မျက်မှန်ချွတ်ပေးလိုက်တဲ့ ချန်ယောလ်ကိုယ်တိုင်ပဲဖြစ်တယ်။
YOU ARE READING
Boyfriend,not Best friend
Fanfiction𝑳𝒆𝒕'𝒔 𝒈𝒓𝒐𝒘 𝒐𝒍𝒅 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓. ❣️ChanYeol×BaekHyun❣️ {Zawgyi+Unicode}