21

1.1K 265 38
                                    

ZAWGYI

'Fearless'ဆိုတာ ချန်ယောလ်တို့သူငယ်ချင်း ၄ယောက်စုပြီး ဖွဲ့ထားတဲ့bandဖြစ်တယ်။ ချန်ယောလ်က ‌ဘေ့စ်နဲ့ ရက်ပ်ပါ၊ ဘတ်ဟျွန်းက main vocalistဖြစ်ပြီး ကီးဘုတ်ကိုင်တယ်။ တာရိုက ဒရမ်တီးပြီး ရူဘင်ကတော့ lead vocalistနဲ့ guitaristဖြစ်တယ်။

တာရိုကတော့ ချန်ယောလ်တို့နဲ့အတူ အဆောင်မှာ ခြောက်ယောက်တစ်ခန်းနေရတဲ့သူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်ပြီး ရူဘင်ကတော့ ချန်ယောလ်ရဲ့ဘတ်စကတ်ဘောအသင်းထဲက သူငယ်ချင်းဖြစ်တယ်။ ချန်ယောလ်တို့Bandမှာ ဘတ်ဟျွန်းက အငြိမ်တလိုင်း၊ ရူဘင်က ငြိမ်သလို လှုပ်သလို၊ တာရိုနဲ့ချန်ယောလ်ကတော့ ဘယ်နေရာမဆို တက်ကြွနေတဲ့ကောင်လေးတွေပေါ့။

လှုပ်ရှားမှုကတော့ သောကြာနေ့ညတိုင်း 'Blue Moon'ဆိုတဲ့ဆိုင်မှာ‌ ဖျော်ဖြေခြင်းသက်သက်ပါပဲ။ စစချင်းအဖွဲ့ဖွဲ့ဖြစ်တာက ကျောင်းပွဲတွေအတွက်ပေမဲ့ ချန်ယောလ်ရဲ့အပေါင်းအသင်းများမှုကြောင့်ပဲ 'Blue Moon'အထိရောက်သွားရတယ်။

"ဒီ‌နေ့လည်း ပင်ပန်းသွားပြီ၊ ဖြစ်နိုင်ရင် မင်းတို့ကို နေ့တိုင်းတောင် လာစေချင်တယ်ကွာ"

'Blue Moon'ပိုင်ရှင် ဂျွန်မြောင်က စင်ပေါ်မှာ သီချင်းငါးပုဒ်ဆက်တိုက်‌ဖျော်‌ဖြေပြီး ဆင်းလာတဲ့ ချန်ယောလ်တို့အနား‌‌လျှောက်လာရင်း ၀မ်းသာအားရပြောတယ်။

ချန်ယောလ်က ဘတ်ဟျွန်းနဲ့အတူ ဘုရားကျောင်းကိုလိုက်သွားရင်း ဘုရားကျောင်းဘေးက မိဘမဲ့ဂေဟာမှာ အပတ်တိုင်း လုပ်အားပေးလာလုပ်တဲ့ ဂျွန်မြောင်နဲ့ ရင်းနှီးခဲ့တယ်။ အဲဒီကတစ်ဆင့် စကားစပ်မိရင်း ဂျွန်မြောင်က သူ့ရဲ့'Blue Moon'မှာ အရင်က လာဖျော်ဖြေ‌နေကျ bandက ပျက်သွားတာမို့ အသစ်ရှာနေကြောင်းပြောရာက‌နေ နောက်ဆုံး‌တော့ချန်ယောလ်တို့ Bandအတွက် သောကြာနေ့ညတိုင်း အလုပ်များမယ့်အကြောင်းပေါ်လာရတယ်။

"လာ လာ၊ မင်းတို့အတွက် အခန်းပြင်ထားတယ်"

ဂျွန်မြောင်က ဆိုင်ရဲ့ဗွီအိုင်ပီအခန်းထဲ‌မှာ ချန်ယောလ်တို့ကို အစားအသောက်တွေနဲ့ဧည့်ခံတယ်။

"မင်းတို့လာတဲ့အပတ်ကစပြီး ငါ့ဆိုင်ရဲ့ဧည့်သည်တွေထဲမှာ မိန်းကလေးတွေ ပိုများလာတယ်၊ ချန်ယောလ်ဖုန်းနံပါတ်ဆို ငါ့ဆီလာလာတောင်းကြတာ အများကြီးပဲ"

Boyfriend,not Best friendWhere stories live. Discover now