46

995 209 37
                                    

ZAWGYI

ဘတ်ခ်ဟျွန်းက ကြမ်းပြင်ထက် ကျကွဲသွားတဲ့ ဖန်ခွက်အပိုင်းအစတွေကို သတိလက်လွက်ငေးနေမိတယ်။

အမှတ်ရဖွယ် ပုံရိပ်တွေဟာ ဖန်ကွဲစအစိတ်အပိုင်းတွေထက် တဖြည်းဖြည်းထင်ဟပ်လာတယ်။ ကျောင်းသွားချိန်တွေမှာ ဘယ်သူကျောင်းအ‌ရင်‌ရောက်လဲဆိုပြီး စက်ဘီးပြိုင်နင်းခဲ့တဲ့ ပုံရိပ်တွေ၊ ညနေခင်းအိမ်ပြန်လမ်းထက်မှာ စက်ဘီးကိုယ်စီနင်းလို့ ပြုံးရယ်နေခဲ့ကြတဲ့ ပုံရိပ်တွေ၊ စာသင်စာပြပေးချိန်‌မှာ ပေါက်တတ်ကရ စနောက် ပျော်ရွှင်ခဲ့ကြတဲ့ ပုံရိပ်တွေ...အကုန်လုံးမှာ သူတို့နှစ်ယောက်က အတူတူ ရယ်မောနေခဲ့ကြတယ်။

ရောနှောနေတဲ့ ပုံရိပ်တွေက သူထားရစ်ခံခဲ့ရတဲ့ အရင်ဘဝကလား၊ အခုလက်ရှိဘဝကလားဆိုတာ မခွဲခြားတတ်နိုင်အောင်ပဲ သူတို့နှစ်ယောက်အတူတူ ဖန်တီးခဲ့ကြတဲ့ အမှတ်တရပေါင်းများစွာက အရင်ကရော၊ အခုရော မရေမတွက်နိုင်အောင် များပြားဖြစ်တည်နေခဲ့ရင်း အမှတ်တရတွေ ထပ်တူညီခဲ့ကြတယ်။

ဒါပေမဲ့ အမှတ်တရအားလုံးဟာ အကောင်းတိုင်းပြန်ဆက်လို့မရတော့အောင် တစစီပြန့်ကျဲနေပြီဖြစ်တဲ့ ဖန်ခွက်အပိုင်းအစတွေထက် ပုံရိပ်ထင်ဟပ်နေခဲ့ကြပြီး သူကိုယ်တိုင်တောင် ပြန်လည်ကောက်ယူစုစည်းဖို့ မဖြစ်နိုင်တော့တဲ့အထိ။

တကယ်လို့ သူသာ သူငယ်ချင်းဆိုတဲ့စည်းကို မချိုးဖောက်ခဲ့ရင် အရင်ဘဝမှာလည်း အခုလိုမျိုးပဲ သူတို့နှစ်ယောက်အတူတူရှိနေခဲ့ကြပြီး ဒီ့ထက်ပိုများတဲ့ အမှတ်တရတွေကို အတူဖန်တီးနိုင်ခဲ့ကြမှာ။

"‌ငါ ဘာတွေ လုပ်နေမိတာလဲ"

အရင်အတိုင်း ပြန်မဖြစ်နိုင်တော့တဲ့ ဖန်ခွက်လေးက ငိုကြွေးတယ်။
ခုနကအထိ စိတ်လှုပ်ရှားစွာ တစ်ထည်ပြီးတစ်ထည် ရွေးထုတ်ထားတဲ့ အဝတ်အစားတွေက ခုတင်ထက်မှာ ပွရှုပ်လို့၊ အဝတ်ပုံဆီက လှောင်ရယ်သံသဲ့သဲ့ကြားရတယ်။

သူက အတိတ်လမ်းကို အမှတ်သညှာမရှိစွာ နောက်တစ်ကြိမ် ထပ်လျှောက်ဖို့ ကြိုးစားနေမိပြန်ပြီ။

ဖုန်းထဲမှာ နာမည်တစ်ခုကို အသည်းအသန်လိုက်ရှာနေတဲ့ မျက်ဝန်း‌တွေက တုန်ရီနေခဲ့သလို လက်ချောင်းတွေကလည်း တုန်ယင်နေခဲ့တယ်။

Boyfriend,not Best friendWhere stories live. Discover now