05

1.6K 315 27
                                    

ZAWGYI

ဒီနေ့တော့ ချန်ယောလ်မျက်လုံးတွေက ထူးထူးဆန်းဆန်း အစောကြီးပွင့်နေတယ်။ ဒါပေမဲ့ မေမေလာနှိုးတဲ့အခါ အိပ်ချင်ယောင်ဆောင်နေလိုက်တာပဲ။

ဘတ်ဟျွန်းနဲ့ သူငယ်ချင်းဖြစ်ပြီဆိုတဲ့အတွေးက သူ့ကို ခါတိုင်းထက်ပိုပြီးလန်းဆန်းသွက်လက်စေတယ်။ သူက ဘတ်ဟျွန်းကို ဒုတိယအကြိမ်မြောက် သဘောကျမိတာဆိုတဲ့ ခံစားချက်မျိုးတောင် မရတော့ဘဲ အရာရာတိုင်းက ဆန်းသစ်နေတယ်။ သူက ဘ၀ကို အခုမှ ပထမဆုံးအကြိမ်ဖြတ်သန်းဖူးသလိုပဲ။

ဒီခံစားချက်တွေက အထက်တန်းပြီးတာနဲ့ အဆုံးသတ်ရတော့မယ်ဆိုပြီး ကြိုသိထားတဲ့အနာဂတ်ကိုလည်း သူက ကောင်းကောင်းကြီးမေ့ပစ်ထားခဲ့တယ်။ ဒါပေမဲ့ကြိုသိထားလို့လည်း သူက ဘတ်ဟျွန်းနဲ့ပတ်သက်ပြီး ပိုသဘောကျနေမိတာထင်တယ်။ အခုချိန်မှာ အများကြီးသဘောကျထားရင် အရွယ်ရောက်လို့ ဝေးကွာလာတဲ့အခါ သူက ခံစားချက်တွေကို ပိုပြီးထိန်းချုပ်နိုင်လိမ့်မယ်လို့ထင်တယ်။

အများကြီးသဘောကျထားခဲ့တော့ အကြာကြီးမလွမ်းရတော့ဘူး။ အချိန်‌တွေအများကြီးအတူရှိထားတော့ အနေဝေးသွားတဲ့အခါ သူက ဝေးကွာခြင်းရဲ့သဘောတရားကို အသာတကြည်လက်ခံပြီး နေတတ်သွားလိမ့်မယ်။ အတူတူရှိတဲ့အချိန်တွေမှာ သူက ဘတ်ဟျွန်းကို အများကြီး သဘောကျပြီး ပျော်ခဲ့ရတယ်ဆိုတဲ့အတိတ်မျိုးနဲ့ အနာဂတ်က ‌ဝေးကွာချိန်တွေကို သင်ပုန်းချေပစ်လိုက်မယ်။

ချန်ယောလ်စဉ်းစားထားတဲ့ အနာဂတ်က ရိုးရှင်းပါတယ်။ အရင်ဘ၀တုန်းကလိုပဲ အချိန်ရဲ့စီးမြောမှုမှာ သူက အလိုက်သင့်လေး လိုက်ပါသွားမယ်။ အချိန်တန်ရင် ဘတ်ဟျွန်းကို အချစ်ဦးအဖြစ် ချန်ထားရစ်ခဲ့မယ်။ အချိန်တန်ရင် သူ့ရဲ့ ကိုယ်ပိုင်မိသားစုဘ၀လေးကို ထူထောင်မယ်။

ချန်ယောလ်က အနာဂတ်ကို ဘယ်လိုမှပြောင်းလဲလို့ရမှာမဟုတ်ဘူးဆိုတာ ယုံကြည်ထားသလို ပြောင်းလဲနိုင်ဖို့အခွင့်အရေးလည်း ရှိမှာမဟုတ်ဘူးလို့ လက်ခံထားခဲ့တယ်။

မေမေပြင်ပေးတဲ့ မနက်စာစားကို စား၊ အသင့်ပြင်ထားတဲ့ ထမင်းဘူးကို ဆွဲယူပြီး အိမ်ရှေ့ထွက်လာတဲ့အခါ သူ့မျက်လုံး‌တွေက တစ်အိမ်ကျော်ဆီကို အလိုလိုတန်းရောက်သွားတယ်။

Boyfriend,not Best friendWhere stories live. Discover now