37

873 194 52
                                    

ZAWGYI

"ချန်‌ယောလ်...ငါတို့ တစ်ရက်တွေ့ကြရအောင်"

ဒါက ဘတ်ခ်ဟျွန်းဘက်က နောက်ဆုံးပို့ထားတဲ့စာဖြစ်ပြီး ချန်ယောလ်ကတော့ 'အင်း တွေ့ကြမယ်'လို့ ပြန်ပို့ဖြစ်ခဲ့ပြီး...သူတို့နှစ်ယောက်ရဲ့အပြန်အလှန်စာပို့ခြင်းက အဆုံးသတ်သွားခဲ့တယ်။ ကိစ္စတစ်ခုခုကြောင့် အကြီးအကျယ်စိတ်ဝမ်းကွဲရန်ဖြစ်ခဲ့တာမျိုးမဟုတ်ဘဲ၊ ကိစ္စသေးသေးလေးတစ်ခုကြောင့် စိတ်ထဲ အဖုအထစ်ဖြစ်ခဲ့တာမျိုးတောင်မရှိဘဲ...အနေဝေးလို့ အေးစက်စိမ်းကားသွားတဲ့ဆက်ဆံရေးမှာ အဆုံးထိ တရားခံရှာမတွေ့ခဲ့ဘူး၊ အကြောင်းပြချက်မရှိခဲ့ဘူး။ ဒီလိုနဲ့ပဲ ဝေးသထက်ဝေးရင်း အဆက်အသွယ်ပြတ်ခဲ့ကြရင်း...ပြန်တွေ့ကြတဲ့အချိန်မှာတော့ ချန်ယောလ်က အဖြူရောင်သတို့သားဝတ်စုံကို ၀တ်ဆင်ထားပြီး ဘေးမှာ သူ့လက်ကို ချိတ်တွဲထားတဲ့ အဖြူရောင်သတို့သမီးလှလှလေးနဲ့။

"မတွေ့တာ ကြာပြီနော်"

မည်းနက်‌နေတဲ့ အနောက်တိုင်းဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားတဲ့ ဘတ်ခ်ဟျွန်းဟာ အနက်ရောင် မျက်မှန်ကိုင်းအောက်က မျက်ဝန်းကျဉ်းကျဉ်းတွေ ပိတ်သွားတဲ့အထိ၊ နှုတ်ခမ်းက လေးထောင့်ဆန်ဆန်ကွေးဝိုက်သွားတဲ့အထိ ရယ်ပြရင်း။

အဲဒီအခိုက်အတန့်မှာ သူတို့နှစ်ယောက်ဟာ တစ်သက်စာအတွက် နှလုံးသားချင်းဝေးကွာသွားခဲ့ပြီဖြစ်ကြောင်း ချန်ယောလ်နားလည်ခဲ့တယ်။

နှုတ်ဆက်စကားမဆိုဘဲ ဝေးကွာခဲ့ကြပြီး ကြိုတင်မချိန်းချက်ထားဘဲ ပြန်လည်ဆုံတွေ့ခဲ့ကြရင်း သူတို့နှစ်ယောက်လုံးဟာ ငယ်သူငယ်ချင်းတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲ နောက်ဆုံးထွက်သက်အထိ ရှိနေခဲ့ကြတယ်။

အခုဘ၀မှာတော့ အရာရာက ပြောင်းလဲသွားခဲ့ပြီ။ အရင်ဘဝက ချန်ယောလ်ဟာ မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး လက်ထပ်ခဲ့တဲ့အချိန်မှာ အခုဘ၀ ချန်ယောလ်ကတော့ တစ်ကိုယ်တည်း ရှင်သန်ဖြတ်သန်းလို့ကောင်းနေဆဲ။ ဘတ်ခ်ဟျွန်းကလည်း သူ့အနားမှာ ရှိနေဆဲ၊ သူတို့နှစ်ယောက်ဟာလည်း အရင်းနှီးဆုံးသူငယ်ချင်းတွေအဖြစ် အနီးကပ်ဆုံးရှိနေဆဲ။

Boyfriend,not Best friendWhere stories live. Discover now