33

1K 214 35
                                    

ZAWGYI

ချန်ယောလ်ဟာ ဘတ်ဟျွန်းကို စတွေ့ခဲ့တဲ့ အခိုက်အတန့်လေးကို မမှတ်မိ‌တော့တဲ့အချိန်ကျရင် သူ့ဘ၀ရဲ့အချစ်ဦးဆိုတဲ့လူတစ်ယောက်ကို လုံးဝမေ့ပစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။

အရာအားလုံးမှာ ရပ်တန့်ပစ်ရမယ့် အချိန်တစ်ခုရှိတယ်၊ လူတစ်ယောက်ရဲ့ ‌သေဆုံးချိန်လိုမျိုးပေါ့။

ချန်‌ယောလ်က ဒီသဘောတရားကို ကောင်းကောင်းကြီး လက်ခံထားတယ်။ အရာအားလုံးဟာ ဖြစ်ချိန်တန်ရင် ဖြစ်ပြီး ပျက်ချိန်တန်ရင်ပျက်ရမှာ။ ကံတရားကပဲ အရာအားလုံးကို စီမံသွားတယ်။ သူ့အယူအဆတွေက ကံတရားအပေါ် မှီခိုလွန်းတယ်လို့ စွပ်စွဲလည်း လက်ခံရမှာပါပဲ။ လောကကြီးက ကိုယ်ဖြစ်ချင်တဲ့အတိုင်းဖြစ်နေတာမဟုတ်လို့ ချန်ယောလ်က အမျိုးမျိုးပြောင်းလဲနေတဲ့ လောကကြီးကို အပြစ်မမြင်ဘဲ အရှိကိုအရှိအတိုင်းလက်ခံထားတတ်တယ်။

အဲဒါကြောင့်လည်း ဆယ်ကျော်သက်အရွယ်မှာ ဘတ်ဟျွန်း‌အ‌ပေါ် စတင်ခံစားမိလာတဲ့ ခံစားချက်အသစ်အဆန်းကို သူ ကြည်ကြည်ဖြူဖြူလက်ခံခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လက်မခံနိုင်တဲ့အတွေးမျိုးမဝင်ခဲ့ဘဲ ဘတ်ဟျွန်းကို ဒီအတိုင်းလေးပဲ တိတ်တခိုးသဘောကျနေခဲ့ပေမဲ့ ဖွင့်ပြောဖို့ကတော့ သူအကြောက်ဆုံးအရာပေါ့။ ‌ဖွင့်ပြောလိုက်လို့ ဝေးကွာသွားတဲ့သူငယ်ချင်းဆက်ဆံရေးတချို့ကို အတန်းထဲမှာတင်သူမြင်ဖူးနေခဲ့တယ်။ တကယ်လို့ သူလည်း ဘတ်ဟျွန်းကိုဖွင့်ပြောပြီးမှ ကံတရားက သူနဲ့ဘတ်ဟျွန်းကို ဝေးကွာစေခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်ကျရင်လည်း သူက ဖြစ်လာတဲ့အတိုင်း လက်ခံလိုက်ရုံကလွဲပြီး ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။

ကျောင်းပြီးသွားလို့ ဘတ်ဟျွန်းနဲ့သူက တက္ကသိုလ်တစ်ခုစီ ရောက်သွားတာကိုလည်း ကံစီမံရာအတိုင်းပဲလို့ ချန်ယောလ်က လက်ခံခဲ့ပြန်တယ်။ တက္ကသိုလ်မတူတော့ပေမဲ့ အိမ်ချင်းနီးလို့ အစပိုင်းမှာ သူတို့တွေ့ဖြစ်ကြပါသေးတယ်။ နောက်တော့ ချန်ယောလ်တို့မိသားစုက ပိုကောင်းတဲ့အိမ်ကို ပြောင်းသွားခဲ့ပြီး ချန်‌ယောလ်ကလည်း တက္ကသိုလ်နဲ့နီးတဲ့‌နေရာမှာ အ‌ဆောင်နေခဲ့တယ်။ သူတို့နှစ်‌ယောက်ကြားက ဆက်ဆံရေးအဆုံးသတ်ရမယ့်အချိန်က တက္ကသိုလ်တက်ပြီးလို့ တစ်နှစ်အကြာမှာရောက်လာခဲ့တယ်။ တဖြည်းဖြည်းအနေဝေးလာတဲ့အခါ စာတွေ အချိန်မှန် မပို့ဖြစ်တော့ဘူး၊ ဖုန်းမပြောဖြစ်တော့ဘူး။ ချစ်သူရည်းစားတွေက ‌အနေဝေးလာတဲ့အခါ သွေးအေးသွားတတ်ကြသလိုမျိုး၊ နှစ်ယောက်အကြား သူငယ်ချင်းဆက်ဆံရေးကလည်း တဖြည်းဖြည်းအနေစိမ်းသွားခဲ့တယ်။ နိုင်ငံခြားထွက်သွားတဲ့မင်ယော့နဲ့ အဆက်အသွယ်ပြတ်သွားခဲ့သလိုမျိုး ဘတ်ဟျွန်းနဲ့ချန်‌ယောလ်လည်း အနေဝေးသွားခဲ့တယ်။ ဒါပေမဲ့ ဖြစ်သမျှကိစ္စရပ်တိုင်းကို ကံကြမ္မာရဲ့ဇာတ်ဆရာအလိုကျလို့ ခံယူထားတဲ့ချန်ယောလ်က ဘာဆိုဘာမှအထွန့်တတ်၊ လောဘတက်မနေဘဲ ဖြစ်လာတဲ့အတိုင်းပဲလက်ခံနေခဲ့တာ တကယ်ကိုကိုယ်ပိုင်ဆုံးဖြတ်ချက်ကင်းမဲ့စွာ၊ သူရဲဘောကြောင်စွာနဲ့။

Boyfriend,not Best friendWhere stories live. Discover now